to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Love at first bite
ပိုလန်တာဟင်းဆိုတာက ပြောင်းဂျုံကို ထောပတ် ချိစ်စတာတွေနဲ့ရောချက်ရပြီး ကြက်ဥနှစ်လိုအရောင် ပြောင်းဖူးလိုအရသာမျိုးရှိတဲ့ အီတလီအစားအစာတစ်မျိုးပါ။ ဒီရိုမေးနီယားဇာတ်ကားထဲမှာတော့ ပိုလန်တာကို ဝက်ဝံရုပ်မိုနဲ့ ပုံဖော်ပြီးတည်ခင်းတာမို့လို့ ဝက်ဝံပိုလန်တာအချိုပွဲလို့ခေါ်ပါတယ် ။ တစ်ကားလုံးက ဒီပိုလန်တာအစားအစာကိုဇာတ်အိမ်တည်ထားတာပါ ။တစ်မြို့လုံးရဲ့အထင်ကရ အတော်ဆုံးစားဖိုမှူးဖြစ်တဲ့ အဖွားအိုမာသာမာရာမှာ ဒူကူဆိုတဲ့မြေးတစ်ယောက်ရှိတယ်။ ဒူကူက ငယ်ဘဝမှာ မိသားစုရဲ့ပြိုင်ဘက်စားဖိုမှူးကက်ပါကိုမိသားစုကမြေးမလေးမာရီနာကို ချစ်ကျွမ်းဝင်ခဲ့တယ်။ ဒါပေမဲ့ မိသားစုရန်ငြှိုးကြောင့် ဒူကူက မာရီနာကိုလက်လွှတ်ခဲ့ရပါတယ် ။ ဒါပေမဲ့ မာသာမာရာက မြေးဒူကူရဲ့ခံစားချက်ကိုဂရုမစိုက်ခဲ့ပါဘူး ။ ဒါကြောင့်ပဲဒူကူက ပိုပြီးနာကျည်းလာရင်း မာသာမာရာနဲ့ဆန့်ကျင်ဘက်တွေလုပ်ခဲ့တယ် ။ ဆယ်စုနှစ် နှစ်ခုစာကြာခဲ့ပြီး ဒူကူကအချစ်ဦးမာရီနာနဲ့အမှတ်မထင် ပြန်ဆုံတွေ့လာတဲ့အခါမှာတော့…
Genre: Comedy
Actor: Carmen Tănase , Ada Galeș , Alin Panc , Doroftei Anis , Cosmin Șofron , Mirela Zeța , Ruxandra Șerban , Gabriela Popescu , Alexandru Pop , Marian Rîlea , Răzvan Bănică
Director:
Writer:
Country: Romania
Release: 2023-09-29
Duration: 90 Min
Quality: HD
Rating: 1
2
Copyright 2024