to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Love You Long Time
ဒီဖိလစ်ပိုင်ကားကတော့ မြင်ဖူးနေကျဖိလစ်ပိုင်ကားတွေနဲ့ ကွဲထွက်ပါတယ်။ အရာရာကို သဘာဝရှုခင်းလှလှ၊ ရုပ်ရှင်ဓာတ်ပုံလှလှတွေနဲ့ ငြိမ့်ငြိမ့်လေးပြသွားတာအချစ်ကဗျာတစ်ပုဒ် ဖတ်နေရသလိုပါပဲ။ အစပိုင်းမှာ ကြည့်ရတာပျင်းကောင်းပျင်းနိုင်ပေမဲ့စိတ်ရှည်ရှည်နဲ့ဆက်ကြည့်ရင် ဒီရုပ်ရှင်ကပေးစွမ်းချင်တဲ့ရသတွေကို ခံစားရမှာပါ။ အချစ်ဆိုတာလည်း ခက်တော့ခက်သား ဝေးရမယ်ဆိုမှ ပိုတွေ့ချင်မိတယ် ခွဲရမယ်ဆိုမှဆွဲထားချင်မိတယ်။ Before Trilogy တွေကိုကြည့်ပြီး မရိုးမရွဖြစ်စေတဲ့အရာကလည်းဒီလိုပဲ ဘဝမှာအလွယ်ရခဲ့သမျှအချစ်တွေအားလုံးကို ပေါပေါပဲပဲလုပ်ခဲ့ပြီးမှ ရထားခရီးစဉ်ဆုံးရင် ခွဲရတော့မယ့်လူကိုမှ ချစ်မိသွားလို့ နှစ်ယောက်သား နောင်တမရအောင် လမ်းခုလတ်ကဘူတာမှာ တစ်ညတာဆင်းနေခဲ့ကြတယ်မဟုတ်လား။ ကိုယ်ရဲ့ပစ္စုပ္ပန်က မင်းရဲ့အတိတ်မင်းရဲ့ပစ္စုပ္ပန်က ကိုယ့်အနာဂတ်အဖြစ် ၄ နှစ်တာ ကွာဟနေတဲ့ အချိန်ကာလကိုကိုယ်တို့အချစ်နဲ့ ဘယ်လိုပိတ်ဆို့ကြမလဲ။ ကိုယ်ကတော့ ဖုန်းအဟောင်းတစ်လုံးနဲ့မကျေနပ်နိုင်ဘူး။ မင်းကိုထိတွေ့ခွင့်တွေ၊ မင်းနဲ့အတူထိုင်ပြီး ကော်ဖီသောက်ခွင့်တွေ၊မင်းချသမျှဆုံးဖြတ်ချက်တိုင်းမှာ အရေးပါခွင့်တွေကို လောဘတက်ချင်သေးတယ်။မျှော်လင့်ချက်ဟာ အရာရာဆိုတာကို လက်ခံကြလားဗျ။ မျှော်လင့်ချက်ကြောင့်အသက်ရှင်သလို မျှော်လင့်ချက်ကြောင့် သေဆုံးနိုင်တာပါပဲ။ ကိုယ့်ကိုယ်ကိုသေလူလို့သက်မှတ်ထားတဲ့ကိုယ်က ဒီမျှော်လင့်ချက်တွေကြောင့်ပဲ အသက်ရှင်ချင်လာမိတယ်…ဒီဇာတ်ကားလေးကတော့Healing movie ကောင်းကောင်းတစ်ခုဖြစ်တဲ့အတွက် အချစ်ကြောင့်စိတ်ပင်ပန်းနွမ်းနယ်နေခဲ့ရင် ဒီကားကိုကြည့်ဖို့ ညွှန်းပေးချင်ပါတယ်ခင်ဗျာ။
Genre: Drama , Romance
Actor: Carlo Aquino , Eisel Serrano , Ana AbadSantos , Arlene Muhlach , Juan Miguel Severo , Meanne Espinosa , Patrick Quiroz
Director:
Writer:
Country: Philippines
Release: 2023-04-08
Duration: 104 Min
Quality: HD
Rating: 0
8
Copyright 2024