to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Martin Luther King
မာတင်လူသာကင်းလို့ နာမည်ပေးထားတဲ့ ဒီဇာတ်လမ်းက အဲဒီလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူအကြောင်းတော့မဟုတ်ပါဘူး။တံဆိပ်ခေါင်းပေါ်က မာတင်လူသာကင်းကိုမြင်ပြီး နာမည်အစစ်မရှိသေးတဲ့ ဖိနပ်ချုပ်သမားလေးကိုမာတင်လူသာကင်းလို့ နာမည်ပေးရာကစခဲ့တဲ့ဇာတ်လမ်းလေးပေါ့။တောင်ပိုင်း မြောက်ပိုင်းကွဲနေတဲ့ရွာကို သူကြီးဖြစ်သူ အခုခေတ်လိုဆို ဥက္ကဋ္ဌပေါ့၊အဲဒီဥက္ကဋ္ဌက တောင်ပိုင်းသူတစ်ယောက်နဲ့မြောက်ပိုင်းသူတစ်ယောက်ကို ပေါင်းသင်းလက်ထပ်ပြီး ကျေးရွာကိုပေါင်းစည်းစေနိုင်ခဲ့တဲ့သူ။ရွေးကောက်ပွဲပြန်လည်နီးကပ်လာတဲ့အချိန်မှာတော့ ဥက္ကဋ္ဌကြီး နာမကျန်းဖြစ်ရာကနေနိုင်ငံရေးကတစ်ဆင့်ရမယ့် အကျိုးအမြတ်တွေကို မျှော်ကိုးပြီး မယားတစ်ယောက်ဆီက သားတော်မောင်နှစ်ကောင်ဥက္ကဋ္ဌနေရာကို ဝင်ပြိုင်ကြပါတော့တယ်။သူ့ထက်ငါ မဲအသာစီးရရေးအတွက် အမျိုးမျိုးအဖုံဖုံ စည်းရုံးရေးဆင်းကြရင်း နှစ်ဖက်လုံး မဲအရေအတွက်တူညီနေချိန်မှာတော့…။တစ်ရွာလုံးရဲ့ခိုင်းဖက် ရွာရဲ့အနှိမ်ခံ ဖိနပ်ချုပ်သမားလေး မာတင်လူသာကင်းရဲ့ အသဲကြားကမဲတစ်ပြားဟာ အရေးပါလာပါတော့တယ်။အဲဒီကနေစလို့ မာတင်လူသာကင်းတစ်ယောက် ဘယ်လိုဒုက္ခသုခတွေရင်ဆိုင်ရမလဲဆိုတာ…။
Genre: Comedy , Drama
Actor: Sampoornesh Babu , Naresh , Venkatesh Maha , Saranya Pradeep , Goparaju Ramana
Director:
Writer:
Country: India
Release: 2023-10-27
Duration: 145 Min
Quality: HD
Rating: 0
0
Copyright 2024