to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Moloch
သည်းထိပ်ရင်ဖို ဒဏ္ဍာရီပုံပြင်ဆန်ဆန် ခြောက်ခြားဖွယ်ကောင်းတဲ့ကားကိုရှာနေရင်တော့ ဒီကားလေးကိုညွှန်းပါရစေနော်။ နယ်သာလန်မြောက်ပိုင်းဒေသတစ်ခုရဲ့ ဒဏ္ဍာရီကိုအခြေခံပြီးရိုက်ကူးထားတဲ့
ကားလေးတစ်ကားပါဗျ ။
ဘီထရက်မိသားစုက ကျိန်စာသင့်နေတယ်ဆိုပြီးတစ်ရွာလုံးကသတ်မှတ်ထားကြပါတယ် ။ အဘွားကလည်း အသတ်ခံရပြီးတော့အဖေကလည်းစိတ်မနှံ့သူပါ။ အမေကလည်း ညဘက်ဆိုအိမ်မက်ဆိုးတွေ
မက်လွန်းလို့ ဆရာဝန်နဲ့ပြသနေရပါတယ် ။ ဘီထရက်ရဲ့ခင်ပွန်းဖြစ်သူကလည်းဆုံးပါးသွားတာမို့ သမီးဖြစ်သူနဲ့အတူ မိဘအိမ်မှာ အတူတူပြန်နေနေပါတယ်။နောက်တစ်ခုက နုန်းမြေအကွက်ကြီးထဲမှာ အလောင်းတစ်လောင်းကိုတူးမိရာကနေ ဘူမိဗေဒတစ်ဖွဲ့ကြီးရောက်ချလာပါတော့တယ်။ အလောင်းတွေကိုတွေ့ရတာအခုဆိုရှစ်လောင်းထိရှိလာပြီးတော့ အကုန်လုံးက အမျိုးသမီးတွေဖြစ်နေပြီး
သေဆုံးရတဲ့အကြောင်းရင်းကလည်း တူညီပါတယ်။ အဲ့ဒီနုန်းမြေနဲ့အနီးဆုံးနေထိုင်တဲ့သူကတော့ ဘီထရက်ပေါ့ ။ခြောက်လှန့်ခြင်းများစွာနဲ့ ထိတ်လန့်နေရင်း သူစိမ်းတစ်ယောက် ဘီထရက်အိမ်ထဲ
ဝင်လာပြီး သူတို့ကိုလာသတ်ပါတော့တယ်။ ဘာလို့သတ်ရတာလဲ ဘာကြောင့်လဲသူတို့မိသားစုရဲ့ကျိန်စာကရော ယုံတမ်းစကားလား တကယ်လားဆိုတာကိုတော့ဆက်ကြည့်လိုက်ပါဦး။
Genre: Horror
Actor: Sallie Harmsen , Alexandre Willaume , Markoesa Hamer , Jack Wouterse , Anneke Blok , Edon Rizvanolli , Fred Goessens , Phi Nguyen
Director: Nico van den Brink
Writer: Nico van den Brink , Daan Bakker
Country: Netherlands
Release: 2022-05-19
Duration: 99 Min
Quality: HD
Rating: 1
5.714
Copyright 2024