to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Naadu
အခုတင်ဆက်ပေးမှာကတော့ နာဂတောင်တန်းမဟုတ်တဲ့ ကိုလီတောင်တန်းက အစစအရာရာ ခေတ်နောက်ကျနေတဲ့တမီလ်ရွာလေးမှာ တောင်ပံခတ်မယ့် ကြိုးကြာမလေးအကြောင်းပေါ့။ ကိုလီတောင်တန်းပေါ်က တောင်ပေါ်ရွာလေးဟာလမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ အစွန်အဖျားကရွာလေးဆိုတော့ အစစအရာရာမှာ ခေတ်နောက်ကျနေတာပေါ့။တီဗီလိုင်းမရှိ ကားမရှိတဲ့ဒီရွာလေးမှာ လျှပ်စစ်မီးနဲ့ ဖုန်းလိုင်းရနေတာကပဲအတော်လေး ကျေးဇူးတင်စရာကောင်းနေတယ်ပဲ ပြောရမလိုပါ။လမ်းပန်းဆက်သွယ်ရေး ခက်ခဲလွန်းတဲ့အတွက် ဘာမှမရောက်ဘဲ သီးခြားကွဲထွက်နေတဲ့ ရွာလေးမှာ ဘတ်စ်ကားတောင်မှ မနက်တစ်ခါ ညနေတစ်ခါပဲရောက်ပါသတဲ့။ဆေးရုံကားဆိုတာကလည်း အရေးပေါ်ကိစ္စနဲ့ခေါ်လိုက်ရင် လူနာသေမှ အလောင်းလာသယ်သလိုလိုအဖြစ်တွေလည်း ဒုနဲ့ဒေးပါပဲ။ဒီလိုနဲ့ ရွာမှာကောင်မလေးတစ်ယောက် လက်ကောက်ဝတ်လှီးပြီး အဆုံးစီရင်တာကို ဆေးရုံကားခေါပြီးဆေးရုံပို့ဖို့လုပ်ပေမဲ့ ကားကညမှရောက်ပြီး နောက်ကျလို့ လူနာအသက်မမီလိုက်တဲ့အပြင် ဆရာဝန်ကမြည်တွန်တောက်တီးတာခံလိုက်ရချိန်မှာတော့ အတော်လေးရင်ခံသွားကြတဲ့ရွာသားတွေအလောင်းလာပြန်ပို့တဲ့ဘတ်စ်ကားရှေ့မှာ ပိတ်ရပ်ပြီး ဆန္ဒပြကြပါတော့တယ်။သူတို့ရဲ့တောင်းဆိုချက်ကတော့ အစစအရာရာနိမ့်ကျနေသည့်တိုင်အောင် သူတို့လည်း ဆေးဘက်ဆိုင်ရာအထောက်အပံ့ရခွင့်ရှိတာကြောင့်ရွာဆေးရုံမှာ ဆရာဝန်တစ်ယောက်ခန့်ထားပေးဖို့ပါပဲ။ ကြိုးကြာတောင်ပံခတ်သံကသာ ဖတ်လို့ကောင်းတာ ကိုယ်တကယ်ကြုံရမယ်ဆိုတော့ transferလျှောက်ပြီးအကုန်ပြန်ပြေးကြတာမလို့ ခရိုင်မှူးလည်း အကျပ်ရိုက်နေတာပေမဲ့ ရွာသားတွေကိုငဲ့တဲ့အနေနဲ့ အာဏာသုံးပြီး ဆရာဝန်တစ်ယောက် မရမကလွှတ်ပေးဖို့စီစဉ်ပေးလိုက်ပါတော့တယ်။ဒါပေမဲ့ ဒီဆရာဝန်ကို ဒီရွာမှာ ဆက်နေအောင်လုပ်နိုင်ဖို့ကိုတော့ ရွာသားတွေက တာဝန်ယူရမှာပါ။ ကဲ ဒီတော့ အာဏာကြောက်လို့ ရွာကိုလွင့်လာတဲ့ဆရာဝန်ပေါက်စကြိုးကြာမလေးရယ် လိုအပ်ချက်တွေများနေတဲ့ဒီရွာလေးရယ် ဆရာမလေးကို ပြန်မပြေးအောင်အမိအရဆွဲထားရမယ့်ရွာသားတွေရယ် ဘယ်လိုစခန်းသွားကြမလဲဆိုတာ ရှုစားကြပါဦး။ဒီကားလေးဟာ ယနေ့ခေတ်ထိအောင် ပညာရေး ကျန်းမာရေး အသိပညာပိုင်းမှာ နှောင့်နှေးနောက်ကျနေတဲ့တောင်ပေါ်ရွာတွေရဲ့တကယ့်ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်တာကြောင့်ခြေနေသိပ်မကွာခြားလှတဲ့ဒီနိုင်ငံက တချို့နေရာတွေအတွက်ပါ တွေးစရာတစ်ခုရလာစေမှာပါ။
Genre: Drama
Actor: Tharshan Thiyagarajah , Mahima Nambiar , Singampuli , Aruldoss , RS Shivaji , Inba Ravikumar , Praveen Kumar
Director:
Writer:
Country: India
Release: 2023-12-01
Duration: 0 Min
Quality: HD
Rating: 0
0
Copyright 2024