to_view_this_video_please_enable_javascript,_and_consider_upgrading_to_a_web_browser_that Supports html5 video
NCIS Sydney
ဇာတ်ညွှန်းစစချင်းမှာ အဖွဲ့နှစ်ခုရှိတယ်။ အဲဒါက ဩစတြေးလျ ပြည်နယ်ရဲနဲ့ “NCIS”၊ ဘယ်လိုမှဆက်စပ်စရာအကြောင်းမရှိတဲ့ အဖွဲ့နှစ်ခုပေါ့။ တစ်ခုက ရေတပ်နဲ့ဆိုင်တဲ့ပြစ်မှုထောက်လှမ်းရေး၊ နောက်တစ်ခုက ရဲတပ်ဖွဲ့။ဘယ်လိုမျိုးပေါင်းမိသွားလဲဆိုတော့ ဇာတ်လမ်းစစချင်း ဆစ်ဒနေဆိပ်ကမ်းမှာသုံးနိုင်ငံလုံခြုံရေးစာချုပ် ချုပ်ဖို့လုပ်နေတုန်း ရေတပ်တပ်ကြပ်ကြီးတစ်ယောက် ဆုံးသွားခဲ့တယ်။ဆစ်ဒနေမြို့မှာဖြစ်တာဆိုတော့ ရဲဆာဂျင် ဂျင်မ်ဒမ်ဆေးဦးဆောင်တဲ့ ဩဇီသားလေးများအဖွဲ့က ကိုင်ရတာပေါ့။သူ့အဖွဲ့မှာဘယ်သူတွေပါလဲဆိုတော့ မှုခင်းစစ်ဆရာဝန် ရွိုင်းပန်ရို့စ်၊ လက်ထောက်ရဲ အီဗီကူပါး၊အသစ်စက်စက် တွဲဖက်မှုခင်းစစ်ကြောင်တောင်တောင်မလေး ဘလူးတို့ပါဝင်ပါတယ်။ဒါပေမယ့်လည်း ရေတပ်အမှုဆိုတော့ NCIS ပါဝင်ပါလာခဲ့ပါတယ်။သူတို့အဖွဲ့မှာကျအထူးအေးဂျင့် မစ်ချဲလ်မက်ကီနဲ့ အေးဂျင့် ဒီရှောင်န်ဂျက်ဆန်တို့ပါဝင်ပါတယ်။အဲဒီကစလို့ Chemistry မိမိနဲ့ အမှုတွေကိုဘယ်လိုမျိုးလိုက်သွားမလဲဆိုတာကိုကြည့်ရမှာပါ။ဂျင်မ်၊ ဘလူး၊ ဒီရှောင်န် တို့သုံးယောက်ရဲ့ ဟာသတွေကလည်း ဝါးလုံးကွဲမရယ်ရရင်တောင်အတော်လေးကိုသဘောကျဖို့ကောင်းလှပါတယ်။မှုခင်းစုံထောက်တဲ့ဇာတ်လမ်းကိုသဘောကျတဲ့လူဆိုရင်တော့ ကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါ။
Genre: Crime , Drama , Action & Adventure
Actor: Olivia Swann , Todd Lasance , Sean Sagar , , ,
Director: , , , ,
Writer:
Country: Australia
Release: 2023-11-10
Duration:
Quality: HD
Rating: 1
7.40
Copyright 2024