to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Perfect Strangers
လကြတ်ချိန်ဟာ နေနဲ့လတို့ကြားက တင်းမာမှု အပြင်းထန်ဆုံးအချိန်ဖြစ်ပြီး လူသားတွေကို စိတ်ကယောက်ကယက်ဖြစ်စေတယ်ဆိုပြီး အဆိုရှိပါတယ်။အဲဒီလို စိတ်ကယောက်ကယက်ဖြစ်စေတဲ့ လကြတ်ညတစ်ညမှာ မိတ်ဆွေသူငယ်ချင်း (၇) ယောက် ညစာအတူစားကြဖို့ စုမိကြပါတယ်။ အန်ဒရီကိုနဲ့အီဗာတို့က သူတို့ရဲ့ အိမ်အသစ်ကြီးမှာ အိမ်တက်ပွဲအထိမ်းအမှတ်အနေနဲ့ ညစာဖိတ်ကျွေးတာပါ။ ညစာစားပွဲမှာ အိမ်ရှင် လင်မယားနဲ့အတူ ညားခါစ စုံတွဲ အန်ဂျာ့စ်နဲ့ကီရှာ၊ ကလေးနှစ်ယောက်ရနေပြီ ဖြစ်တဲ့ ဝစ်နူနဲ့အီမဲလ်ဒါ၊ ရည်စားရထားတာ မကြာသေးတဲ့ တိုမို ဆိုပြီး စုစုပေါင်း (၇) ယောက် ပါဝင်ပါတယ်။ ပေါင်းလာတာ ကြာပြီဖြစ်တဲ့ အကြောင်းသိတွေ ပျော်ပျော်ပါးပါး စားကြသောက်ကြရင်း အိမ်ကြီးရှင် အီဗာက ဂိမ်းတစ်ခု ကစားကြဖို့ ပြောလိုက်ရာကနေ ဇာတ်လမ်းက စ,ပါတယ်။ သူပြောတဲ့ ဂိမ်းက ဖုန်းတွေအားလုံးကို စားပွဲပေါ်မှာ တင်ထားပြီး ဝင်လာသမျှ မက်ဆေ့ဂျ်တွေ၊ ဖုန်းကောလ်တွေ၊ အီးမေးလ်တွေကို အတူတူဝိုင်းဖတ်ကြဖို့ပါ။ဆော့ရင်လည်း မကောင်း၊ မဆော့ပြန်ရင်လဲ အထင်လွဲခံရမှာစိုးတာနဲ့ အဲဒီဂိမ်းကို ဆော့ကြရင်းကနေ တစ်ယောက်ချင်းစီရဲ့ လျှို့ဝှက်ချက်တွေ ပေါ်လာပြီး ပြဿနာတွေက သပွတ်အူလို ရှုပ်ထွေးကုန်ပါတော့တယ်။
Genre: Comedy , Drama
Actor: Vino G Bastian , Jessica Mila , Denny Sumargo , Clara Bernadeth , Adipati Dolken , Darius Sinathrya , Nadine Alexandra , Dannia Salsabila , Niniek L Karim
Director:
Writer:
Country: Indonesia
Release: 2022-10-20
Duration: 125 Min
Quality: HD
Rating: 1
9.2
Copyright 2024