to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Rapture
နှစ်စဉ်အချိန်အခါတစ်ခုရောက်တိုင်း ညဘက်တွေမှာ ရှားပါးတဲ့ပုစင်းရင်းကွဲတမျိုး ထွက်ပေါ်လာတတ်တာကြောင့်ရွာသူရွာသားတွေက မီးတုတ်တွေနဲ့ရှာကြတာပေါ့။ဖမ်းလို့ရလာတဲ့အကောင်တွေကိုအချဉ်တည်ကြ ကြော်စားကြနဲ့ စားစရာအလို့ငှာ ရှာကြတာပါ။တစ်ညမှာတော့ ဆယ့်ကိုးနှစ်အရွယ်ကောင်လေးတစ်ယောက် တောထဲမှာ ပျောက်ခြင်းမလှပျောက်သွားပါတော့တယ်။သဲလွန်စဆိုလို့ သစ်ပင်ပေါ်မှာတင်နေတဲ့ အင်္ကျီလေးကလွဲရင် ဘာမှထပ်မသိရပါဘူး။ဒီလိုပဲ ဘေးပတ်ဝန်းကျင်ရွာတွေမှာလည်း ညဘက်ဆိုလူစိမ်းတွေရွာထဲဝင်လာပြီးလူတွေဖမ်းတာမျိုး ဖမ်းသွားတဲ့လူတွေကို ဆေးရုံကြီးတွေပို့ပြီး ကိုယ်တွင်းအင်္ဂါတွေထုတ်တာမျိုး စတဲ့ကောလဟလတွေ ပြန့်နေပါတယ်။ဒီလိုနဲ့ ညဘက်တွေဆို ရွာထဲမှာ ကင်းလှည့်ရပါတော့တယ်။ဒီကြားထဲမှာ ဘုရားကျောင်းက ထုတ်ပြန်ထားတဲ့သတင်းစကားကလည်း အံ့ဖွယ်မယ်တော်မယ်ရီရုပ်တုကြွချီလာခြင်းနဲ့အတူ ရက်ပေါင်းရှစ်ဆယ်တိတိအမှောင်လွှမ်းပါမယ်တဲ့။ထာ၀ရဘုရားမှာယုံကြည်ခြင်း မရှိသူတွေကို သေမင်းတမန်တွေက လာရောက်ခေါ်ဆောင်ပါမယ်တဲ့။ဒီလိုကြောက်စရာကိစ္စနှစ်ခုကြားမှာ ရွာသူရွာသားတွေက ကြောက်ရွံ့နေကြရပါတော့တယ်။တစ်ညမှာ သူစိမ်းတစ်ယောက်ကိုဖမ်းမိပြီး ဝိုင်းဝန်းထိုးကြိတ်ကြတဲ့အခါမှာတော့…။ဖြစ်ပေါ်နေတဲ့ ကိစ္စနှစ်ခုဟာ ဆက်စပ်နေမလား…။အဖွဲ့အစည်းတစ်ခုခုကပဲ ဒီကိစ္စတွေကိုနောက်ကွယ်က ခြယ်လှယ်နေတာလားဆိုတာ ကြည့်ရှုကြပါဦး။
Genre: Drama
Actor:
Director:
Writer:
Country: China , India , Switzerland , Netherlands , Qatar
Release: 2023-08-10
Duration: 127 Min
Quality: HD
Rating: 0
0
Copyright 2024