to_view_this_video_please_enable_javascript,_and_consider_upgrading_to_a_web_browser_that Supports html5 video
Rurouni Kenshin
လေလွင့်ဆာမူရိုင်းကြီးအကြောင်းကတော့ လူတိုင်းနီးပါးသိပြီးကြလောက်ပြီဖြစ်လို့အညွှန်းကိုမရေးခင် ဇာတ်အိမ်အခြေတည်ရာခေတ်ကိုအကြမ်းဖြင်းပြောပြချင်ပါတယ်။ဘတိုစိုင်းဘဝကနေအနားယူပြီး အသွားပြောင်းပြန်ဓါးကိုကိုင်ကာ လျှောက်သွားနေတာက မဲဂျီခေတ်ပါ။မဲဂျီခေတ်ဟာ ၁၈၆၈ကနေ ၁၉၁၂အထိ ၄၄ကြာခဲ့ပြီး ဂျပန်နိုင်ငံမှာ ပါလီမန်စနစ်ကိုစတင်ကျင့်သုံးကာ စက်မှုတော်လှန်ရေးနဲ့စစ်တပ်ကိုလည်းခေတ်မီလက်နက်တပ်ဆင်ရေးကိုအကြီးအကျယ်လုပ်ခဲ့ပါတယ်။မဲဂျီခေတ်မတိုင် အဲဒိုခေတ်ကတော့ ၁၆၀၃ကနေ ၁၈၆၈အထိနှစ်ပေါင်း ၂၆၀လောက်ကြာခဲ့ပြီး အဲဒိုခေတ်တွင် ရှိုဂန်(စစ်ဘုရင်)များကကြီးစိုးခဲ့ပါတယ်။ မဲဂျီခေတ်မှာတော့ ရှိုနန်တို့ရဲ့အာဏာလျော့ကျကာ ဧကရာဇ်ဘုရင်ရဲ့အာဏာဟာ ပိုပြီးကြီးမားလာခဲ့ပါတယ်။ မဲဂျီခေတ်မှာ အနောက်တိုင်း ပညာရပ်နဲ့ယဥ်ကျေးမှုတွေလည်း အကြီးအကျယ်နေရာယူခဲ့ပြီး ရိုးရာယဥ်ကျေးမှုနဲ့ဆာမူရိုင်းတွေအပေါ်မှာပါ အကြီးအကျယ် သက်ရောက်မှုရှိခဲ့တာကြောင့်ဆိုင်ဂို တာခါမိုလိဦးဆောင်တဲ့ ဆာမူရိုင်းတွေဟာ ဘုရင့်တော်ဝင်တပ်ကိုပုန်ကန်ခဲ့ကြပါတယ်။ (အဲ့ဒီဇာတ်ကြောင်းနဲ့ပတ်သတ်ပြီးကြည့်လိုလျှင် မင်းသားTom Cruiseရဲ့ the last samuraiရုပ်ရှင်ကိုကြည့်ပါ)လေလွင့်ဆာမူရိုင်းကြီးရဲ့ဘတိုစိုင်းဇာတ်ကောင်စဖြစ်တဲ့ခေတ်ကတော့ မဲဂျီခေတ်အကူးအပြောင်းကာလ အဲဒိုခေတ်ပြီးဆုံးခါနီးဘခုမဆွတ်ခေတ်(1853-1867)ပါ။ဒီဇာတ်လမ်းကြီးကို အဓိကဇာတ်အိမ်တည်ထားတဲ့မဲဂျီခေတ်အပြောင်းအခြေအနေပါ။ဇာတ်လမ်းအကျဥ်းကတော့ ဘခုမဆွတ်ခေတ်မှာ နာမည်ကြားရုံနဲ့ကြက်သီးတွေပါထစေတဲ့ ဟိတိုခိလိ ဘတိုစိုင်းကြီးတစ်ယောက်ဇာတ်မြုတ်ပြီးနောက်ပိုင်းအခြေအနေတွေကို ရသအစုံအလင်နဲ့ကြည့်ရမှာလို့ပဲ အပျင်းထူစွာနဲ့ အညွှန်းရေးလိုက်ပါတယ်။
Genre: Animation , Action & Adventure
Actor: Soma Saito , Rie Takahashi , Makoto Koichi , Taku Yashiro ,
Director: , , , , , , , , ,
Writer: Nobuhiro Watsuki , ,
Country: Japan
Release: 2023-07-07
Duration:
Quality: HD
Rating: 1
8.39
Copyright 2024