Sachertorte
IMDb ~ 6.6ဗီယင်နာမြို့က ဆာဟာ ဆိုတဲ့ ကဖေးဆိုင်လေးမှာ နေ့လယ် ၃ နာရီရောက်တိုင်း
ချစ်ရသူကို ထိုင်စောင့်နေတတ်တဲ့ ကောင်လေး တစ်ယောက်ရှိပါတယ်
ကားလ်နဲ့နီနီဟာ ဘာလင်မှာ ခဏတာ တွေ့ဆုံခဲ့ကြပြီး
အကြောင်းကြောင်းတွေကြောင့် ဆက်သွယ်လို့မရ ဖြစ်သွားခဲ့ပါတယ်နီနီက ဗီယင်နာမြို့သူဆိုတာရယ်
မွေးနေ့မှာ ဗီယင်နာမြို့က ဆာဟာကဖေးဆိုင်ကို
နေ့လယ် ၃ နာရီတိတိမှာ အရောက်လာပြီး
ဆာဟာတိုတာ(ဩစတြီးယား ချောကလက်ကိတ်) စားလေ့ရှိတယ်ဆိုတာရယ်ကိုပဲ သိတဲ့
ကားလ်အတွက်ကတော့ နေ့တိုင်း ဆာဟာဆိုင်ကို နေ့လယ် ၃ နာရီအရောက် ချီတက်ရပါတော့တယ်ဒါပေမဲ့လည်း အချစ်ဆိုတာမျိုးက
နက်နဲသိမ်မွေ့ပြီး ရှုပ်ထွေးလွန်းတဲ့ အရာဖြစ်လေတော့…..
ရိုမန့်တစ်ဆန်လှတဲ့ ဒီအချစ်ဇာတ်လမ်းလေးထဲမှာ
အချစ်ရဲ့သိမ်မွေ့မှု နက်နဲမှုတွေကို ခံစားကြည့်ရှုရမှာပါ