to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Sharathulu Varthisthai
ချီရမ်ဂျီဗီက အစိုးရဝန်ထမ်း၊ သားကြီး။သူ့အောက်က မောင်နှမနှစ်ယောက်နဲ့ အမေမုဆိုးမကြီးကို ရှာကျွေးနေရတဲ့သူ။သူ့ပခုံးပေါ်က တာဝန်ကလေးလွန်းလို့ အိမ်ထောင်ပြုမယ့်အကြောင်း မစဥ်းစားရဲသေးတဲ့သူပေါ့။ညီနဲ့ညီမအခြေကျမှ သူ့ဆီမှာလည်းတင့်တောင်းတင့်တယ်ဖြစ်မှ လက်ထပ်မယ်စဥ်းစားထားတဲ့သူပါ။သူကငယ်တုန်းက ပညာသိပ်မတတ်ပေမယ့် စာဖတ်တယ်။ လေ့လာတယ်။ ဒီလိုနဲ့ သူတို့လူလတ်တန်းစားနေရာကိုMLMစီးပွားရေးတစ်ခုက ရောက်လာရော။ အဲဒီစီးပွားရေးကလည်း ပေါ့ပေါ့သေးသေးမဟုတ်ဘူး။သူတို့ရပ်ရွာရဲ့ အားကိုးခံယုံကြည်ရတဲ့ ရွေးကောက်ခံအမတ်ကိုယ်တိုင် အာမခံပြီးသူကိုယ်တိုင် ပါဝင်ထားတဲ့စီးပွားရေးဖြစ်နေရော။အဲဒီတော့နေရာတစ်ခုလုံးက လူတွေပါလိုက်ကြတာသောက်သောက်လဲ။ ဒါပေမယ့်ချီရမ်ဂျီဗီကတော့မပါဘူး။ စိတ်မယိုင်ဘူး။ ကျန်လူတွေပါ မပါဖို့ဆွယ်လိုက်သေးတယ်။ဒီလိုသူမယုံကြည်တဲ့ စီးပွားရေးကို သူ့ရဲ့ချစ်ရသူလေးနဲ့ အမေ ဖြစ်သူက ယုံကြည်ပြီးမန်ဘာဝင်လိုက်တဲ့အခါ…..ဘာတွေဆက်ဖြစ်မလဲ။ လူလတ်တန်းစားတွေရဲ့ဘဝကို မြင်ရမယ့်အပြင် MLMစနစ်ကြောင့်အောက်ခြေကမန်ဘာဝင်တွေရဲ့ဘဝ ဘယ်လိုဖြစ်သွားလဲ ကွက်ကွက်ကွင်းကွင်းမြင်ရမယ့်ဒီဇာတ်လမ်းလေးကို CMမှာ ကြည့်ရှုပေးကြပါဦး။
Genre: Drama , Family , BollyWood
Actor: Chaitanya Rao , Bhoomi Shetty
Director:
Writer:
Country: India
Release: 2024-03-15
Duration: 140 Min
Quality: HD
Rating: 1
0
Copyright 2024