Sissy
ဒီတစ်ခေါက် တင်ဆက်ပေးချင်တာကတော့ rotten Tomatoesမှာ
rating 92%အထိ ရရှိထားတဲ့ Horror/ Mystery ဇာတ်လမ်းကောင်း
လေးတစ်ခုပါ။အားလုံးပဲ သိကြတဲ့အတိုင်း Psycho Killer ထဲမှာ အဆိုးဆုံးတွေက
ကိုယ့်ကိုယ်ကိုယ် psycho ဖြစ်နေမှန်းမသိ ကိုယ်လုပ်တာ မှန်တဲ့ဆိုတဲ့
psycho တွေပါ။ ဒီဇာတ်ကားထဲမှာလည်း Sissy ကအဲဒီလိုကောင်မလေး
ပေါ့။ ဒါပေမဲ့လည်း ဘယ်လောက်ပဲ Psycho ဆန်ဆန် သူတို့ကိုသွားမထိရင်
Psycho တွေကလည်း အေးဆေးပါပဲ။ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့
Sissy နဲ့ Amber တို့ဟာ တစ်ယောက်နဲ့ တစ်ယောက် ဘယ်တော့မှ မခွဲဘူး
အတူတူ အသက်ကြီးပြင်းသွားကြမယ်လို့ ကတိပေးထားကြတဲ့ သူငယ်ချင်း
ကောင်းတွေ ဖြစ်ခဲ့ကြပါတယ်။ Alex ဆိုတဲ့ကောင်မလေး ပရိတ်သတ်ရှေ့ကို
မပေါ်ထွက်လာခင်အချိန်အထိပေါ့။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံလို့ အဆင်
မပြေတဲ့ Sissy တစ်ယောက် Amma နဲ့ Sissyတို့ရဲ့ ငယ်ဘဝပုံရိပ်တွေ အမှတ်
တရတွေကြားထဲကနေ ရုံးမထွက်နိုင်ခဲ့ပါဘူး။ဒါ့အပြင် ပြဿနာတစ်ခုဖြစ်ပြီး ဝေးကွာခဲ့တာကြောင့် ၁၀စုနှစ်တစ်ခုကြာအောင်
ပြန်မတွေ့ဖြစ်တော့ပါဘူး။ တစ်နေ့မှာတော့ Sissy ဈေးဝယ်ရင်း Amma နဲ့
ပြန်ဆုံတွေ့တဲ့အခါမှာ Ammaတစ်ယောက် ချစ်ရမဲ့သူကိုတွေ့ပြီး စေ့စပ်ပါတီပွဲ
လုပ်မှာဖြစ်တာကြောင့် Sissyကိုလာဖို့ ဖိတ်ခဲ့ပါတယ်။ နောက်ပိုင်း သူတို့နှစ်ယောက်
အရင်လိုပြန်ရင်းနှီးသွားကြမှာလား၊ ငယ်ငယ်က ဖြစ်ခဲ့တဲ့ ပြဿနာကို မေ့ပျောက်
သွားနိုင်မလား၊ ဘာတွေဆက်ဖြစ်လာဦးမှာလဲ စတာတွေကို Horror/ Mystery
ဆန်ဆန် ရိုက်ကူးတင်ဆက်ထားပါတယ်။ ကြည့်ရှုခံစားပေးကြပါဦး။