to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Sons of Summer
CM ပရိတ်သတ်ကြီးအတွက် လောလောလတ်လတ် 2023 ဂျူလိုင်လကမှ ထွက်ရှိထားတဲ့ ဇာတ်ကားသစ်လေးကိုတင်ဆက်ပေးပါရစေ။ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင်တော့ ဒီဇာတ်ကားရဲ့ အဓိဇာတ်လိုက်ရွှန်း ဟာ ပင်လယ်ကမ်းခြေမြို့လေးမှာနေထိုင်ပါတယ်။ ပင်လယ် ကမ်းခြေမြို့ဖြစ်တဲ့အလျှောက် လူတိုင်းနီးပါးက လှိုင်းစီး (surfing )ကြတယ်ပေါ့လေ။ရွှန်းနဲ့ သူ့သူငယ်ချင်းတွေကလည်းဒီလိုပါပဲ ပင်လယ်ပျော်လေးတွေပေါ့။သူတို့အဖေတွေကလည်း သူတို့လို သူငယ်ချင်းအရင်းကြီးတွေဖြစ်ပြီးငယ်ငယ်ကလည်း ရွန်းတို့သူငယ်ချင်းအုပ်စုလို လှိုင်းစီးရင်းပျော်ပါးခဲ့ကြခဲ့လူတွေပါပဲ။ဒါပေမယ့် စိတ်မကောင်းစရာကတော့ ရွှန်းရဲ့အဖေဟာ ရွှန်းအသက်ငယ်ငယ်လေးကတည်းက အသတ်ခံလိုက်ရတာပါပဲ။ ငယ်ဘဝစိတ်ဒဏ်ရာတွေရှိခဲ့တော့သူကလမ်းမှားရောက်သွားခဲ့ဖူးပါတယ်။ ဆေးရောင်းဆေးဝယ်ဆေးကိစ္စတွေလုပ်ခဲ့ဖူးတာမျိုးပေါ့။ဒါပေမယ့် သူအရမ်းချစ်ရတဲ့ ကောင်မလေး ကေတီကြောင့် အဲ့လိုကိစ္စတွေကိုမလုပ်တော့ပဲကင်းကင်းနေပါပြီဆိုကာမှ ရစ်ခ်ဆိုတဲ့ ဘော်ဒါဟောင်းတစ်ကောင်က သူအကြွေးဆပ်စရာတွေရှိလို့ ကူညီပါလားဆိုပြီး ရွှန်းကိုအကူအညီတောင်းပါတော့တယ်။ ဒီကိစ္စကိုအတူတူလုပ်မယ့် ပိ့ထ်ဆိုတဲ့လူကလည်း သူ့ရဲ့ မွေးစားဖခင်လိုဖြစ်နေတဲ့အတွက်နောက်ဆုံးတစ်ခေါက်တော့ကူညီလိုက်မယ်ဆိုပြီး ဆေးတွေ ခိုးပေးရာကနေ…..ဘယ်လိုတွေဖြစ်ကုန်မလဲ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကတော့ ဇာတ်ကားထဲမှာပဲဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။
Genre: Action , Thriller , Mystery
Actor: Temuera Morrison , Isabel Lucas , Joe Davidson , Christopher Pate , Jonathan Weir
Director:
Writer:
Country: Unknown
Release: 2023-07-28
Duration: 0 Min
Quality: HD
Rating: 0
7
Copyright 2024