to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Sorry About the Demon
2022 ခုနှစ်ထွက် Rotten ???? မှာ 91% ရထားတဲ့ သရဲဟာသကားတစ်မျိုးပဲဖြစ်ပါတယ်၊ humorပုံစံက မြင်နေကျ အနီးဆုံးပြောရမယ်ဆို scary moviesတို့လို့ပါ၊ ဒါပေမဲ့ဒီကားမှာတော့ ဒရာမာလေး နှစ်ဇွန်းလောက် Reality ဆန်တာလေး သုံးဇွန်းလောက်ထည့်ထားသေးတာဆိုတော့မတူတဲ့အရသာလေးခံစားရမှာပါ၊ ဇာတ်လမ်းအစမှာတော့ အလုပ်ကိုဟုတ်တိပတ်တိမလုပ်တတ် လေနေတဲ့ဝီလ်ကိုနောက်ဆုံး ချစ်သူကောင်မလေး အေမီက စိတ်ကုန်ပြီးထားသွားတာနဲ့စပါတယ်။ ထားသွားတော့ နေစရာဘုံပျောက်လို့အိမ်အငှါးရှာရင်း ဆဲလာတို့မိသားစုရဲ့ အိမ်အကြီးကြီးကို ငှါးတာတွေ့လိုက်ရပါတယ်။ စျေးကလည်းတထူးတခြား သူများထက်ချိုနေတော့ ဝီလ်လည်းငှါးနေဖြစ်တာပေါ့ ၊ ဝီလ်ကတော့ ဒီမိသားစုကသဘောကောင်းလိုက်တာလို့တွေးနေပါတယ် အမှန်က အဲ့မိသားစုအိမ်ကိုအတင်း လူငှါးတင်ရတဲ့အကြောင်းက အိမ်မှာ မကောင်းဆိုးဝါးကပ်နေတာဖြစ်ပြီး၊ တခြားယဇ်ကောင်မှ မရရင် သူတို့သမီး ဂရေ့စ်ကို ယဇ်ပူဇော်ပစ်မယ်လို့ မကောင်းဆိုးဝါးကခြိမ်းခြောက်ပြောတော့ သမီးဇောနဲ့ အပေးအယူလုပ်ခဲ့ကြလို့ပါ၊ အဲ့အိမ်ကြီး မှာကမကောင်းဆိုးဝါးအပြင် အခိုင်းခံ သရဲတို့ကလည်းရှိနေပါသေးတယ် ရည်းစားနဲ့ပြတ်ပြီးနောက်သေချင်စိတ်ပေါက်နေတဲ့ ဝီလ် မကောင်းဆိုးဝါးရှိမှန်းသိလိုက်ရတော့ သူ့ကိုသာယူသွားပါဆိုပေမဲ့ ဘဲကြီးက ချေးများပါတယ် သူ့ကိုမစားဘူးတဲ့ ၊ တခြား သူ့နဲ့ရင်းနှီးလို့အိမ်လာတဲ့ မိတ်ဆွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်ရာမှာတော့ ဝီလ်တို့ သူငယ်ချင်းတစ်သိုက် ဘယ်လိုနည်းတွေနဲ့ အဲ့မကောင်းဆိုးဝါးကိုနှိမ်နင်းမလဲဆိုတာ တခွီခွီနဲ့ စိတ်ဝင်တစားကြည့်ရမှာပါ။
Genre: Comedy , Horror
Actor: Jon Michael Simpson , Olivia Ducayen , Paige Evans , Presley Allard , Kristen MacCulloch , Sarah Cleveland , Somerville Black
Director:
Writer:
Country: United States of America
Release: 2022-08-29
Duration: 105 Min
Quality: HD
Rating: 0
6.357
Copyright 2024