to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Spelling the Dream
Spelling the dream (2018) ========================= Documentary ကြိုက်နှစ်သက်သူ ပရိသတ်ကြီးများအတွက် Netflix က ထုတ်လွှင့်တဲ့ Spelling the Dream ကို တင်ဆက်ပေးချင်ပါတယ်။ထူးခြားတစ်ခုက ပရိသတ်ကြီးတို့ ပုံမှန်မြင်တွေ့နေကျပျင်းစရာနောက်ခံစကားပြောသံကြီးနဲ့ documentary မျိုး မဟုတ်ဘဲ Horror ရုပ်ရှင်ကားတစ်ကားကို ကြည့်ရှုနေရသလိုအသည်းတယားယား ခံစားရမှာပါ။ ကမ္ဘာ့အရပ်ရပ်က အိန္ဒိယလူမျိုးတွေ နယ်ပယ်မျိုးစုံမှာထူးချွန်ထက်မြက်ကြောင်းကို လူတိုင်းနီးပါး သိကြပါတယ်ဗျ။ဥပမာ နည်းပညာ၊ ဆေးပညာ အစရှိသဖြင့် နယ်ပယ်အတော်အများရဲ့ထိပ်သီးနေရာတွေ ခေါင်းဆောင်နေရာတွေမှာအိန္ဒိယလူမျိုးတွေရှိကြတာ ထုံးစံလို ဖြစ်နေပါတယ်။ခင်ဗျားတို့ရော တွေးကြည့်ဖူးလားဗျ သူတို့မှာဘာလျှို့ဝှက်ချက်တွေများရှိနေမလဲ၊ ဉာဏ်ကောင်းဆေးတွေထူးချွန်ထက်မြက်ဆေးတွေ လျှို့ဝှက်ဖော်စပ်ပြီးသောက်နေကြတာများလား။ဒီ Documentary မှာတော့ အိန္ဒိယ-အမေရိကန်ဆယ်ကျော်သက်ကလေးတွေဟာလူတိုင်းသိချင်နေကြတဲ့မေးခွန်းတွေကို ပြန်ဖြေပေးထားပါတယ်။ Scripps National Spelling Bee ဆိုတာအမေရိကန်နိုင်ငံရဲ့ ဂုဏ်သိက္ခာအကြီးမားဆုံးစာလုံးပေါင်းပြိုင်ပွဲဖြစ်ပါတယ်။ ပြည်နယ်အဆင့်မှာ အနိုင်ရဗိုလ်စွဲခဲ့တဲ့ စာလုံးပေါင်းချန်ပီယံတွေထိပ်တိုက်ရင်ဆိုင်ကြတဲ့ ပွဲပေါ့။ ချန်ပီယံတွေဟာကျွန်တော်တို့ ခင်ဗျားတို့ ကြားတောင်မကြားဘူးတဲ့ရှည်လျားထွေပြားနက်နဲတဲ့ စာလုံးတွေကိုအမှားအယွင်းမရှိ ပေါင်းနိုင်ကြတဲ့လူတွေပါ။ ဒီကားထဲမှာ Scripps National Spelling Bee ပြိုင်ပွဲအအတွက်ပြင်ဆင်နေကြတဲ့ အိန္ဒိယ-အမေရိကန် ကလေး ၄ ယောက်ရဲ့ အံ့ချီးလောက်စရာထူးချွန်မှုတွေ၊ ကြိုးစားအားထုတ်မှုတွေကိုပြိုင်ပွဲဝင်တဲ့နေ့အထိ အသေးစိတ်ရိုက်ကူးတင်ဆက်ထားပါတယ်။အဲဒီတော့ ရာချီတဲ့ချန်ပီယံတွေကြားမှာ ဒီ ကလေး ၄ ယောက်ထဲကတစ်ယောက် ပြိုင်ပွဲမှာ ဗိုလ်စွဲသွားမလားဆိုတာ စိတ်ဝင်စားစရာပါပဲဗျာ။စာလုံး တစ်လုံးပေါင်းလိုက်တိုင်း နှလုံးပြုတ်ထွက်မတတ်ရင်ခုန်စိတ်လှုပ်ရှားချင်တယ်ဆိုရင်တော့လက်မလွှတ်တမ်း ကြည့်ရှုအားပေးသင့်ပါတယ်နော်။
Genre: Documentary
Actor: Srinivas Ayyagari , Jacques Bailly , Valerie Browning , Ratnam Chitturi , Shourav Dasari , Pawan Dhingra , Ashrita Gandhari , Sanjay Gupta
Director:
Writer:
Country: United States of America
Release: 2020-06-03
Duration: 82 Min
Quality: HD
Rating: 0
7
Copyright 2024