to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Steal Your Heart
Ro တာလေးတွေကိုမှကြည့်ချင်ပါတယ်ဆိုတဲ့သူတွေအတွက်ဇာတ်ကားနာမည်အတိုင်းပရိသတ်တွေရဲ့အသည်းနှလုံးကိုခိုးသွားမဲ့Steal Your Heart ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 5.7 ရရှိထားပြီးအချစ်ကားငြိမ့်ငြိမ့်လေးတွေ ကြည့်ချင်တဲ့သူတွေအတွက်တော့အဆင်ပြေစေမဲ့ကားလေးပဲဖြစ်ပါတယ်။ဒီကားထဲမှာအဓိကဇာတ်ကောင်တွေကတော့ဂျိတ်နဲ့မလစ်ဆာတို့ဖြစ်ပြီးဂျိတ်က ဗလဲ လို့ခေါ်တဲ့ဒီဇိုင်နာကုမ္ပဏီကြီးရဲ့အကြီးတန်းဒီဇိုင်နာဖြစ်သလိုကုမ္ပဏီဥက္ကဌရဲ့သားလည်းဖြစ်ပါတယ်။မလစ်ဆာဆိုတဲ့ ကောင်မလေးကတော့ အစ်မဖြစ်သူနဲ့အတူတူဖက်ရှင်ဆိုင်လေးဖွင့်ထားတဲ့ လက်ဝတ်လက်စား ဒီဇိုင်းဆွဲပြီး လုပ်ရောင်းရတာကို ဝါသနာပါတဲ့ သာမန်ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဝါသနာတွေကတူညီကြပေမဲ့ အခြေအနေတွေကတော့မိုးနဲ့ မြေလိုကွာခြားနေကြပါတယ်။ဒီလိုကွာခြားနေတဲ့ လူနှစ်ယောက်ကိုဆုံစည်းစေခဲ့တာကတော့ဂျိတ်အမေကော်ဒီလီယာပဲဖြစ်ပါတယ်။ကော်ဒီလီယာကမလစ်ဆာရဲ့ဆိုင်လေးမှာ ပစ္စည်းလေးတစ်ခုသွားဝယ်ရင်းနဲ့ မလစ်ဆာတို့မိသားစုအတွက် အရမ်းအရေးကြီးတဲ့ ဆောင်းနှင်းဆီဆိုတဲ့လည်ဆွဲလေးမှားပါသွားပါတော့တယ်။အဲ့ဒါနဲ့ မလစ်ဆာပြန်သွားတောင်းတဲ့အခါမှာတော့ ဂျိတ်နဲ့ဆုံစည်းခဲ့ပြီး သူတို့နှစ်ယောက်အတူတူမဖြစ်မနေလက်တွဲလုပ်ဖို့ဖြစ်လာတဲ့အခါမှာတော့ ဘယ်သူက ဘယ်သူ့အသည်းနှလုံးကိုခိုးယူသွားမလဲဆိုတာကို ဒရာမာဆန်ဆန်ကြည့်ရှုရမဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်..
Genre: Comedy , TV Movie , Romance
Actor: Emma Elle Roberts , Rob Silverman
Director:
Writer:
Country: United States of America
Release: 2023-12-06
Duration: 90 Min
Quality: HD
Rating: 0
10
Copyright 2024