to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Summer Ghost
IMDB – 7.3/10 နွေရာသီကို ရောက်ခဲ့ပြီဆိုရင် လူတွေပြောဆိုနေကြတာ ဆံပင်အရှည်နဲ့ သရဲမလေးတစ်ယောက်ကို တွေ့ရတတ်တယ်တဲ့…သူက မီးရှူးပန်းဖောက်မှ ကိုယ်ထင် ပြတတ်တာတဲ့…ဘယ်သိမလဲ ဒဏ္ဍာရီတစ်ခုပေါ့နော်…။ ဝါသနာပါတာကို လုပ်ခွင့်မရပဲ အာရှမိဘတွေ ထုံးစံအတိုင်းစာကိုပဲ အသည်းအသန် ဖိလုပ်ခိုင်းလို့ ဖိအားပေါင်းစုံဝင်ပြီးစိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ ကောင်လေး တိုမိုယာ။ဆိုးဝါးတဲ့ အခြေအနေကြီးတစ်ခုကြောင့် ဝါသနာပါတာတွေကိုစွန့်လွှတ်လိုက်ရပြီး လောကကြီးကို စိတ်ပျက်နေတဲ့ ယိုရ်။ကျောင်းမှာ သူများတွေက အနိုင်ဝိုင်းကျင့်လို့ သတ်သေချင်တဲ့ထိစိတ်ပျက်ပြီး စိတ်ဓာတ်ကျနေတဲ့ အအိုရီ။ဒီ ဆယ်ကျော်သက်လေး ၃ ယောက်ဟာ အကြောင်းတစ်ခု ဆက်စပ်မိပြီးဒီ နွေရာသီမှာ ပေါ်လာတတ်တဲ့ သရဲမလေးကိုလိုက်ရှာဖို့ အကြောင်းဖန်လာကြတော့တယ်။အဲဒီမှာ ဒီ သရဲမလေးကို တွေ့ပါ့မလား…ကိုယ်စီ အခက်အခဲတွေကိုရော ဘယ်လို ကျော်လွှားနိုင်ကြမလဲ…သရဲမလေးရဲ့ နောက်ကြောင်းဖြစ်ရပ်မှန်ကရောဘာဖြစ်မလဲ စသဖြင့် ဂျပန် Anime ထုံးစံအတိုင်းရှုခင်းလှလှလေးတွေနဲ့ ဇာတ်လမ်းကောင်းကောင်းလေးနဲ့ဒရမ်မာကောင်းကောင်းလေးကို ကြည့်ရှုခံစားရမှာပါ။Your Name တို့ Weathering With You တို့လိုမျိုး ဇာတ်အိမ်ဆန်းပြီးကောင်းကောင်းကြည့်ချင်ကြရင် ဒီ Anime ကားလေးက ခင်ဗျားတို့အတွက်ပါပဲသူက Run Time မိနစ် ၄၀ ပဲ ရှိလို့ ကြည့်လို့တောင်အားမရ ဖြစ်ပါလိမ့်မယ်။ဒါပေမဲ့ ဒီဇာတ်လမ်းလေးကပေးချင်တဲ့ စိတ်ဓာတ်ခွန်အားလေးလည်းရကြမယ်လို့ မျှော်လင့်ရင်း တင်ဆက်ပေးလိုက်ရပါတယ် ခံစားပေးကြပါဦး။
Genre: Drama , Fantasy , Animation , Mystery
Actor: Chiaki Kobayashi , Miyuri Shimabukuro , Rina Kawaei , Nobunaga Shimazaki
Director:
Writer:
Country: Japan
Release: 2021-11-12
Duration: 40 Min
Quality: HD
Rating: 1
7.339
Copyright 2024