to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Suro
ဒီSpain ဇာတ်လမ်းကို ဒါရိုက်တာ Mikel Gurrea ရိုက်ကူးထားပြီး rating 6.5 ရထားတာပါ။ Helenaနဲ့ Ivanဆိုတဲ့ ညားခါစ လင်မယားနှစ်ယောက် ဖော့ဆို့ပင်သစ်တောရှိတဲ့ နယ်ဘက်က အိမ်တစ်အိမ်ကို ပြောင်းလာကြတယ်။ အဲ့အိမ်က ဆုံးသွားတဲ့Helena ရဲ့ အဒေါ်ပိုင်အိမ်ပါ။ Helena တို့လင်မယားနှစ်ယောက် အဲ့မြို့ကိုပြောင်းလာတော့ မြို့ခံလူတွေက နွေရာသီမိုးခေါင်တဲ့အတွက် မီးဘေးအန္တရာယ်ကိုကာကွယ်ဖို့ ပြောနေကြတယ်။ ဒါပေမဲ့ Helenaတို့ကတော့ သူတို့ကလေးလေးမမွေးခင် ဖော့ဆို့ပင်တွေ အခေါက်ခွာပြီး ချမ်းသာဖို့ကိုပဲ အာရုံစိုက်နေကြတယ်။ အဲ့နောက်ပိုင်း ဖော့ဆို့ပင်အကြောင်း ဘာမှမသိတဲ့ Ivanနဲ့ Helenaတို့ အလုပ်သမားတွေငှားပြီး စုပေါင်းအလုပ်လုပ်ကြတော့ ဘယ်လိုပြဿနာတွေဖြစ်မလဲဆိုတာတော့ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ ညားခါစလင်မယား အချင်းချင်း အမြင်မတူလို့ရန်ဖြစ်တာတွေ၊ ဖော့ဆို့အခေါက်ခွာတဲ့ လုပ်နည်းတွေ၊ ပိုက်ဆံရဖို့ ခေါင်းဘယ်လောက်တောင် အခြောက်ခံလိုက်ရလဲဆိုတာတွေကို Mystery ဆန်ဆန် ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။
Genre: Drama , Thriller
Actor: Pol Lpez , Vicky Luengo , Ilyass El Ouahdani , Josep Estragus , David Parcet , Vicente Botella , Josep Maria Gmez , Irina Moradell
Director:
Writer:
Country: Spain
Release: 2022-12-02
Duration: 116 Min
Quality: HD
Rating: 1
6.7
Copyright 2024