The Bionic Life
ဒီတစ်ခါမှာတော့ Song Wei Long နဲ့ Vicky Chen တို့ပါဝင်ထားတဲ့
Sci-Fi, Thriller ဇာတ်လမ်းကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။
နည်းပညာတိုးတက်လာနဲ့အမျှ လူသားနဲ့အနီးစပ်ဆုံးတူတဲ့
စက်ရုပ်တွေကိုဖန်တီးထုတ်လုပ်နိုင်လာကြပါတယ်။
“လူတစ်ပိုင်း” လို့အမည်ပေးထားတဲ့ ဒီစက်ရုပ်တွေဟာ
လူသားတွေထက်ပိုပြီးအစွမ်းထက်လာကြပါတယ်။
သူတို့ကိုကနဦးထည့်သွင်းထားတဲ့ပရိုဂရမ်အပေါ်မူတည်ပြီး
အလုပ်လုပ်တာကြောင့် သူတို့ဟာသစ္စာရှိတဲ့ဝန်ထမ်းကောင်း၊
လိမ္မာတဲ့သားသမီး စသဖြင့် လူသားတွေရဲ့စိတ်ဖြေရာအဖြစ်
ကမ္ဘာတစ်ဝှမ်းကျယ်ပြန့်စွာသုံးစွဲလာကြပါတယ်။
အကျိုးအပြစ်ဒွန်တွဲနေတယ်ဆိုသလိုပဲ လူတစ်ပိုင်းတွေဟာလူသားတွေရဲ့
အန္တရာယ်အဖြစ်ခြိမ်းခြောက်မှုတစ်ခုဖြစ်လာတဲ့အခါ နိုင်ငံတကာစုဝေးပြီး
လူတစ်ပိုင်းတွေကိုထုတ်လုပ်ဖြန့်ဖြူးမှုကိုရပ်တန့်ဖို့၊
ပျံ့နှံ့နေတဲ့လူတစ်ပိုင်းတွေကိုပြန်လည်ခေါ်ဆောင်ထိန်းချုပ်ဖို့
လုပ်ဆောင်ပါတော့တယ်။ ထိန်းချုပ်ဖို့ဌာနတစ်ခုကိုလည်းဖွဲ့စည်းခဲ့ကြပါတယ်။
ဒါပေမဲ့လဲလူသားနဲ့လူတစ်ပိုင်းတွေကိုခွဲခြားဖို့ကအလွန်ခက်ခဲတာကြောင့်
အလုပ်မတွင်ဖြစ်ခဲ့ရပြီး နှစ်ပေါင်းများစွာကြာတဲ့အထိ
လူတစ်ပိုင်းတွေဟာလူသားတွေကြားမှာရောနှောတည်ရှိနေဆဲဖြစ်ပါတယ်။
အဲ့ဒီလူတစ်ပိုင်းတွေဟာအငြိမ်မနေဘဲ လူသားတွေကိုအန္တရာယ်ပေးပြီးပြစ်မှုတွေ ကျူးလွန်လာခဲ့အခါ…
အဲ့ဒီ လူတစ်ပိုင်းစက်ရုပ်ပြဿနာကိုဘယ်လိုဖြေရှင်းလေမလဲ။
ပြစ်မှုတွေရဲ့တရားခံကရော တကယ်ပဲလူတစ်ပိုင်းတွေလား။
ထူးဆန်းထွေလာစုံထောက်ဇာတ်လမ်းများကိုကြိုက်တတ်တဲ့ပရိသတ်ကြီးအတွက်
နောက်ထပ်အကြိုက်တွေ့စရာဇာတ်လမ်းကောင်းတစ်ခု ဖြစ်လာ
ဦးမှာမို့ စောင့်မျှော်ကြည့်ရှုလိုက်ကြပါဦး။