to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
The Boxer and the Butterfly
ရိုဝမ်နဲ့ နိုအာတို့ စုံတွဲဟာ ပက်ဗ်လိုဗာ ဖိတ်ခေါ်ပြိုင်ပွဲကြီးအတွက် အများကြီးကြိုးစားအားထုတ်ခဲ့ရပါတယ်…ဒါပေမယ့်လည်း ပြိုင်ပွဲနဲ့ နီးကပ်လာသည့်တိုင် သူတို့ရဲ့ ကကွက်တွေ စင်းလုံးမချောသေးတဲ့အတွက်ကြောင့်နိုအာကပဲ ရိုဝမ့်ကို လမ်းခွဲစကားပြောပြီး တခြားသော ကဖော်ကဖက်အသစ်ဆီကူးပြောင်းသွားခဲ့ပါတယ်…ဒီလိုမျိုး နိုအာက လုပ်သွားခဲ့သည်တိုင် ရိုဝမ်က အတတ်နိုင်ဆုံးနားလည်ပေးရင်းချစ်ရသူနဲ့ ပြန်တွဲကရဖို့ ကကွက်တွေကို အပြင်းအထန်ပြန်လေ့ကျင့်ပါတော့တယ်…ဒီလိုနဲ့ပဲ ကကွက်အဆင်ပြေသွားလို့ နိုအာ့ဆီ ပြန်သွားခဲ့ပေမယ့် နိုအာက ပြိုင်ပွဲကိစ္စအတွက်တင်မဟုတ်ဘဲသူတို့နှစ်ယောက်ရဲ့ အချစ်ရေးကိုပါ အဆုံးသတ်ချင်ခဲ့တာဖြစ်ကြောင်း ပြောပါတော့တယ်…အပစ်ပယ်ခံဖြစ်သွားတဲ့ ရိုဝမ်တစ်ယောက် နိုအာကို ပြိုင်ပွဲမှာ အနိုင်ယူချင်တာကြောင့်အခြားသော ကျွမ်းကျင်အကသမားတွေနဲ့ ချိတ်ဆက်ဖို့ ကြိုးစားပေမယ့် အဆင်မပြေခဲ့ပါဘူး…ဒီလိုနဲ့ သူ့ကို ကကွက်တိုင်မင်မှန်အောင် အကြံပေးခဲ့တဲ့လက်ဝှေ့သမားဝေါ့တ်ကိုပဲ အကူအညီတောင်းဖို့ ဖြစ်လာပါတော့တယ်…လက်ဝှေ့နဲ့ အကဟာ ဘာတစ်ခုမှ မအပ်စပ်တာကြောင့်မို့ ရိုဝမ့်အနေနဲ့ပြိုင်ပွဲအနိုင်ရရေးအတွက် ဘယ်လိုကြိုးစားအားထုတ်သွားမလဲဆိုတာကို ရှုစားရမှာပဲ ဖြစ်ပါတယ်
Genre: Comedy , TV Movie , Romance
Actor: Katrina Norman , Brock Yurich , Angel Prater , Joe Slaughter , Denise Dal Vera , Shannon Cogan , Parker Mack , Kausha Campbell
Director:
Writer:
Country: United States of America
Release: 2023-11-24
Duration: 90 Min
Quality: HD
Rating: 0
0
Copyright 2024