The Bride of Naga
နဂါးမင်း ရဲ့ မဟေသီ ၂၀၂၃
အနန်တချိုင် အဖြစ် Tre Porapat
အေချီယာ / အနန်ချလီ အဖြစ် Green Ausadaporn
အနိတ်ချာတ် အဖြစ် Petch Boranin
ဖွန့်ခေါက်ပင် / ပင်ထူရာတ် အဖြစ် Kong Wittaya
ဇာတ်လမ်းအကျဉ်း
ဝေးလံလှတဲ့ရွာလေးတစ်ရွာဖြစ်တဲ့ ဖနူမ်နာခါရွာရဲ့ကလေးငယ်တွေမှာ မြွေအရေခွံလိုအရေပြားရောဂါဖြစ်လာခဲ့တယ်
နဂါးမင်းကိုကိုးကွယ်တဲ့ ဖနူမ်နာခါရွာသားတွေကတော့ ကျိန်စာမိတယ်ဆိုပြီး ဆရာဝန်မပြဘဲ ယုံကြည်ကိုးကွယ်ရာအစီအရင်တွေနဲ့ပဲ ကုသဖို့ရွေးချယ်ခဲ့တယ်
ဒေါက်တာအေချီယာကတော့ ကလေးအရေပြားဆရာဝန်တစ်ဦးဖြစ်ပြီး ရှေးရိုးစွဲယုံကြည်မှုအစား မြင်ရာကိုသာယုံကြည်သူတစ်ဦးဖြစ်ပါတယ်
တစ်နေ့ ဖနူမ်နာခါရွာရဲ့ ရောဂါဆိုးကြီးကို အကြောင်းရှာဖို့ အေချီယာကိုစေလွှတ်ခံလိုက်ရတဲ့အပြင်
ထူးခြားဆန်းကြယ်တဲ့ အနန်တချိုင်ဆိုသူ ယောကျာ်းတစ်ယောက်ပါ အေချီယာ့ဘေးနားရောက်လာခဲ့ပြီး ထူးခြားဖြစ်ရပ်တွေဖြစ်လာချိန်မှာတော့
အေချီယာတစ်ယောက် ရှေးဒဏ္ဍာရီအဖြစ်အပျက်တွေ မမြင်နိုင်တဲ့အရာတွေပေါ် ယုံကြည်လာမလား
ရွာသားတွေရဲ့ရောဂါဆိုးကရော သူတို့ယုံကြည်သလို နဂါးမင်းရဲ့ကျိန်စာလား ကပ်ရောဂါဆိုးတစ်ခုပဲလား
အနန်တချိုင်ကရော အေချီယာ့ကိုဘာလို့ကာကွယ်နေခဲ့တာလဲဆိုတာ
လူသားနဲ့ ထူးခြားမျိုးနွယ်တွေဖြစ်တဲ့ နဂါး၊ဂဠုန်တို့ကြားက ချစ်ခြင်း၊မုန်းခြင်း၊အငြိုးတွေနဲ့ နှစ်ထောင်ချီ ဒဏ္ဍာရီတစ်ခုကို “နဂါးမင်းရဲ့မဟေသီ”ဇာတ်လမ်းတွဲမှာ ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်