The Clearing
Synopsis of The Clearing (2023)
The Clearing (2023)
===============
IMDb Rating – 6.1/10
ဝင်္ကပါတစ်ခုထဲကို ဝင်မိသွားပြီဆိုတာနဲ့ ထွက်ပေါက်ကို လိုက်ရှာဖို့ပဲ
ရှိပါတော့တယ်တဲ့။ ဝင်ပေါက်ဆီကို ပြန်သွားဖို့လည်း မလွယ်တော့
သလို ရှိတာသေချာနေတဲ့ ထွက်ပေါက်ဆီကိုပါ မမှန်းဆနိုင်တဲ့ အချိန်
မျိုးမှာဆိုရင်ရော ရှေ့ပဲတိုးကြမလား နောက်ပဲပြန်ဆုတ်ကြမလား။
ဒီအခြေအနေကိုတော့ ကြည့်ရှု့တဲ့သူတွေကိုယ်တိုင်ကပဲ ဆုံးဖြတ်
ရပါလိမ့်မယ်။
ဒီဇာတ်လမ်းကို ဝင်္ကပါစံအိမ်တစ်ခုနဲ့ပဲ တင်စားပါရစေ။
အင်္ဂလိပ်အက္ခရာ “A” နဲ့ပဲ အစပြုပြီး မှည့်ခေါ်ထားတဲ့ နာမည်တွေနဲ့
ကလေးတွေ၊ ဆံပင်အမည်းရောင်ကို အရောင်ချွတ်ထားခံရတဲ့ ကလေး
တွေ၊ အသက်ကြီးကြီးမိန်းမကြီးတစ်ယောက်ကို မာမီလို့ခေါ်ပြီး တစ်
သွေးတစ်သံတစ်မိန့် နေနေရတဲ့ကလေးတွေ၊ အဲဒီကလေးတွေက
စံအိမ်ကြီးထဲကို ဘယ်ကနေ ရောက်လာခဲ့ကြတာလဲ။ သူတို့ကို ကြီး
ကြပ်ရတဲ့သူတွေပြောတာကတော့ ပြင်ပကမ္ဘာကြီးက သိပ်ကြင်နာ
တတ်သလို တစ်ချိန်တည်းမှာပဲ သိပ်ကိုရက်စက်တတ်ပါတယ် တဲ့။
ဆာရာ ဆိုတဲ့ ရှစ်နှစ်အရွယ်ကလေးမလေး ပျောက်ဆုံးမှုက မီဒီယာ
တွေပေါ်မှာ ဟိုးလေးတကြော်ကြော်ဖြစ်ပြီးတဲ့နောက် သားလေး
ပျောက်ဆုံးသွားမှာကို စိတ်ပူနေရှာတဲ့ မိခင်တစ်ဦးရယ်၊ ဆာရာကနေ
အာရှာလို့ ပြောင်းသွားရတဲ့ ကလေးမလေးရဲ့အဖြစ်ရယ်၊ စံအိမ်ထဲ
က ကလေးတွေရဲ့ ပဟေဠိတွေရယ် ဒါတွေအားလုံးရဲ့အဖြေကတော့
ဒီစီးရီးရဲ့ တစ်နေရာမှာ ရှိလို့နေပါတယ်။ ကျွန်တော်ပြောခဲ့တဲ့ ဆုံးဖြတ်
ရမဲ့ အခြေအနေဆိုတာကတော့ ဒါပါပဲ။