to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
The Family Star
ဒီကားလေးမှာဆိုရင်တော့ ဂိုဗာဒါဟာ ပါလေရာပါတဲ့ ပွကြီးပါ။ အမေ၊ အစ်ကိုတွေ၊မရီးတွေရဲ့ အရေးမှန်သမျှကို ခေါင်းပေါ်တင်ထားရတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ပါပဲ။ကိုယ့်အတွက် အိမ်ထောင်ရေးဆိုတာကို မစဉ်းစားနိုင်လောက်အောင် အလုပ်တွေလုပ်၊ အိမ်မှာလောက်ငှပြည့်စုံဖို့အရေး ငွေကို တစ်ပြားက နှစ်ပြားခွာတဲ့ လူပျိုကြီးပါပေါ့။အင်ဒူကတော့ ချမ်းသာတဲ့သူဌေးမလေးဖြစ်ပြီး ဂိုဗာဒါနဲ့ အိမ်အငှားကိစ္စတစ်ခုကတဆင့်သိပြီးကြိုက်သွားကြပါတော့တယ်။ ဒါပေမဲ့ ကံကြမ္မာအလှည့်အပြောင်းက နှစ်ယောက်ကြားဝင်လာတဲ့အခါမှာတော့အချင်းချင်းအထင်တွေလွဲမုန်းတီးပြီး ကလဲ့စားချေမယ်တွေပါ ဖြစ်ကုန်တော့တာပါပဲ။ချစ်ခြင်းနဲ့မုန်းတဲ့အမုန်းတရားမှာ ဘာကအနိုင်ရသွားမလဲ။ သူတို့ကြားက နားလည်မှုတွေလွဲခဲ့ရတဲ့ဖြစ်ရပ်ကရောဘာဖြစ်မလဲ။ ဂိုဗာဒါတစ်ယောက် အိမ်တွင်းရေးအရှုပ်တော်ပုံတွေကနေရော ရုန်းထွက်နိုင်သွားမလား….။
Genre: Action , Comedy , Drama , Romance
Actor: Vijay Deverakonda , Mrunal Thakur , Rohini Hattangadi , Ajay Ghosh , Divyansha Kaushik , Chinmayi Sripaada
Director:
Writer:
Country: India
Release: 2024-04-04
Duration: 122 Min
Quality: HD
Rating: 0
3
Copyright 2024