to_view_this_video_please_enable_javascript,_and_consider_upgrading_to_a_web_browser_that Supports html5 video
The Mallorca Files
စပိန်နိုင်ငံရဲ့ လှပတဲ့ကျွန်းလေးတစ်ကျွန်းပေါ်မှာ ခပ်မြူးမြူးတီးလုံးလေးတွေနဲ့အတူလူမျိုးမတူ စရိုက်မတူတဲ့ စုံထောက်နှစ်ဦး ဒုစရိုက်မှုတွေကိုလိုက်လံဖြေရှင်းကြတာ ကြည့်ရမယ့် BBCထုတ်စီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။စုံထောက်ဘလိတ်ခ်ဆိုတာက ဗြိတိသျှသူတစ်ယောက်။မယောရ်ကာကျွန်းပေါ်ကနေ လူဆိုးတစ်ယောက်ဖမ်းလာပြီး လန်ဒန်ကို ပြန်ပို့ရတော့မှာ။အဲဒီမှာတင် လူဆိုးက အသတ်ခံရပြီး ပြဿနာတက်တော့ အထက်အရာရှိကလန်ဒန်ကိုပဲ ပြန်လာပါတော့ သူတို့ ဖြေရှင်းပေးမယ်ဆိုတာကိုလက်မလျှော့ချင်တဲ့စိတ်နဲ့ ဆက်နေပြီး ဖြေရှင်းဖို့ ဖြစ်လာတော့တယ်။ဒါပေမဲ့လည်း မယောရ်ကာရဲဌာနကတော့ တစ်ယောက်တည်း မလိုက်နဲ့အဖော်ထည့်ပေးမယ်ဆိုပြီး ထူးထူးခြားခြား အမှုလိုက်တတ်တဲ့လူပျော်ကြီး ဂျာမန်စုံထောက်မက်စ်နဲ့ ထည့်ပေးလိုက်ရော။အဲဒီမှာတင် အလုပ်ဆိုရင် ရုပ်တည်ကြီးနဲ့ စနစ်တကျ မပြုံးမရယ် အသေကောင်လိုပဲ လုပ်တတ်တဲ့ ဗြိတိသျှသူနဲ့ဘာနေနေ ကပျက်ကချော်နဲ့ လုပ်ရိုးလုပ်စဉ်အတိုင်း မလုပ်ပဲ ပေါက်ကရ လုပ်တတ်တဲ့ ဂျာမန်သားတို့ နှစ်ယောက်ပူးပေါင်းပြီးစပိန်နိုင်ငံက မယောရ်ကာကျွန်းလေးပေါ်က ရာဇဝတ်မှုတွေကို ဘယ်လိုဖြေရှင်းသွားကြမလဲဆိုတာ ပေါ့ပေါ့ပါးပါး ကြည့်ရမှာပါ။
Genre: Crime , Drama
Actor: Elen Rhys , Julian Looman , Tábata Cerezo ,
Director:
Writer:
Country: France
Release: 2019-11-25
Duration:
Quality: HD
Rating: 1
7.00
Copyright 2024