to_view_this_video_please_enable_javascript,_and_consider_upgrading_to_a_web_browser_that Supports html5 video
The Revenge
သိပ်ကိုချောမောခန့်ညားပြီး ပြောစရာမရှိတဲ့ သခင်ကြီး ခွန်ဝိဆွတ်မှာ ပြစ်ချက်နဲ့တူတာ တစ်ခုပဲရှိပါတယ်။ရုပ်ရည် အရည်အချင်း ရာထူးဂုဏ်သိမ် ဘယ်နေရာမှာမှ အပြစ်ဆိုစရာမရှိသူပီပီ မိန်းမတိုင်းက ငမ်းငမ်းတက်နေပြီးမဆွတ်ခင်ကညွတ်ချင်နေကြတော့ လွယ်လွယ်ရနေတဲ့ခွန်ဝိဆွတ်ဟာလည်း ရွက်ကျပင်ပေါက် ငပွေငရှုပ်ဖြစ်နေတာပေါ့။ဒါပေမဲ့ ရည်မှန်းချက်ကြီးတဲ့ခွန်ဝိဆွတ်က တကယ်အတည်ယူတဲ့သူကတော့ မင်းမျိုးမင်းနွယ် သခင်ဖရာရဲ့သမီးဖြစ်တဲ့ ခွန်ရာယာကိုပါ။ဒါပေမဲ့ ခွန်ရာယာတစ်ယောက် ယုံမှတ်လို့ပုံအပ်ပြီး ခွန်ဝိဆွတ်အိမ်စရောက်တဲ့နေ့မှာပဲ ခွန်ဝိဆွတ်ရဲ့ဇယားတွေနဲ့ပက်ပင်းတိုးပါတော့တယ်။ဒါပေမဲ့ နူးညံ့သိမ်မွေ့ပြီး အရှက်အကြောက်ကြီးလှတဲ့ခွန်ရာယာဆိုတဲ့မျက်နှာဖုံးနောက်ကွယ်မှာ ရက်စက်ပြီးသွေးအေးတဲ့သူဖြစ်နေတဲ့အခါ….အချောအလှမြင်တိုင်း သခင်ကစ ကျွန်အဆုံး အလွတ်မပေးတဲ့ ခွန်ဝိဆွတ်နဲ့ရက်စက်တတ်တဲ့အပြုံးတုပိုင်ရှင်ခွန်ရာယာတို့ကြား မြေစာပင်တွေက ဘယ်သူတွေဖြစ်လာမလဲ။ကြမ္မာရဟတ်တစ်ပတ်လည်ချိန်မှာ အပြစ်ကြွေးကိုယ်စီကို ဘယ်လိုပေးဆပ်ကြမလဲ ရှုစားကြပါဦး။
Genre: Drama
Actor: , , ,
Director:
Writer:
Country: Thailand
Release: 2024-05-27
Duration:
Quality: HD
Rating: 1
0.00
Copyright 2024