The Sandman
DC's ရဲ့
နာမည်ကြီး Graphics
novel တစ်ခုဖြစ်တဲ့
Sandman ကို Netflix ကနေ Live action Adapted လုပ်ပေးခဲ့ပြီး trailer မှာတည်းကအတော်များများ hype
နေကြတဲ့ series လည်း ဖြစ်ပါတယ်။ Sandman ဆိုတဲ့ Character ဟာAnimation တွေမှာတောင် တွေ့ရခဲတဲ့Character လိုပြောလိုရပါတယ်။ဒီလို
Character ကို LA မှာမြင်ရတာကတော့အတိုင်းထက်အလွန်ပေါ့ဗျာ။Series
ဟာ အဖွင့်ရက်မှာကတည်းကRating ကောင်းကောင်းရထားတဲ့အပြင်အများစုဟာလည်းကြိုက်နှစ်သက်ကြပါတယ်။Lucifer
gender ရယ် Death က Black ဖြစ်နေတာကို ဝေဖန်တဲ့သူအနည်းအကျဥ်းရှိပေမယ့်
Lucifer တို Death တိုလို being တွေဟာ Gender, Personal,
Skin အတည်အကျ မရှိပါဘူး။ ပြောရရင် သူတိုကိုယ်သူတိုလိုသလို ပြောင်းနိုင်ပါတယ်။
Sandman series မှာဆိုရင်ကောင်းမွန်တဲ့
CGI ရယ် အ တော်လေးလှတဲ့Cinematography တွေအပြင် Sand man အဖြစ် သရုပ်ဆောင်တဲ့Tom Sturridge
ရဲ့ အသံနဲ့သရုပ်ဆောင်ပုံတွေဟာလည်းအတော်အဆင်ပြေတာထက်ကိုပိုပါတယ်။
Dream, Desire, Death, Destiny, Delirium, Despair,
Destruction ဆိုတဲ့
Endless family ဆိုပြီး
god ဆိုတာထက်သာလွန်တဲ့
being family စ်ခုရှိပါတယ်။ကျွန်တော်တို့လူသားတွေနေထိုင်တဲ့ယခုကမ္ဘာကို
Awakening world /နိုးထ
ကမ္ဘာလို့ခေါ်ပြီး ကျွန်တော်တို့အိပ်ပျော်သွားတာနဲ့
Dream realm ဆိုတဲ့
Dream က ဖန်ဆင်းထားတဲ့ကမ္ဘာထဲ ရောက်ရှိသွားကြပါတယ်။Dream ဟာ အိမ်မက်ဆိုးတွေရော အိမ်မက်ကောင်းတွေရော ကိုအုပ်ချုပ်နေတာဖြစ်ပြီး သူသာ မရှိရင်အိမ်မက်ဆိုတာ ဖြစ်လာမှာမဟုတ်ပါဘူး။
တစ်နေ့မှာတော့Corinthians
ဆိုတဲ့ အိမ်မက်ဆိုးတစ်ယောက်ဟာ နိုးထကမ္ဘာကိုထွက်သွားပြီး လူတွေကို ဒုက္ခပေးနေတာကြောင့်Sandman
aka Dream ဟာနိုးထ ကမ္ဘာထိ လာပြီး အိမ်မက်ဆိုးကို ချေမှုန်းဖို့လိုက်လာခဲ့ပါတယ်။တစ်ဖက်မှာကလည်း
Roderick Burgess ဆိုတဲ့အပျော်တမ်း
မှော်ဆရာ တစ်ယောက်ဟာEndless တွေကို ချုပ်ထားနိုင်တဲ့အစီအရင် တစ်ခုကိုရရှိသွားပြီးစစ်ပွဲထဲမှာသေသွားတဲ့
သူ့သားဖြစ်သူကိုကယ်ဖို့အတွက်
One of the endless ဖြစ်တဲ့
Death ကို ဖမ်းဖို့ကြိုးစားနေပါတော့တယ်။
ဒါပေမယ့်
Spell က နိုးထ ကမ္ဘာဆီရောက်နေတဲ့ Endless ဆီကိုပဲ သက်ရောက်မှုရှိတာကြောင့် ယုန်ထောင်ကြောင်မိပြီးSandman
ကို spell ကသွားချုပ်ပါတော့တယ်။Dream ရဲ့ စွမ်းအားတွေ ပျောက်ဆုံးကုန်ပြီးDream ရဲ့ လက်နက်တွေ ဖြစ်တဲ့သဲအိတ်,ပတ္တမြား,ခေါင်းစွပ် တို့ကိုထို မှော်ဆရာက သိမ်းယူသွားခဲ့ပါတယ်။ဒီလိုနဲ့
Sandman ကို မြေအောက်မှာနှစ်ပေါင်းများစွာပိတ်လှောင်ထားပြီးဒီလိုပိတ်လှောင်ဖို့အကြံကိုလည်း
Corinthians က ထိုမှော်ဆရာကို အကြံပေးခဲ့တာ ဖြစ်ပါတယ်။အိမ်မက်ကမ္ဘာမှာ အိမ်မက် မရှိတဲ့ အခါမှာတော့ အိမ်မက်ဆိုးတွေဟာ ထင်တိုင်းကြဲနေပြီး နိုးထကမ္ဘာမှာ အိပ်စက်ခြင်း ရောဂါဆိုပြီး ကပ်ဆိုးကြီး ဆက်တိုက်ဖြစ်နေပါတော့တယ်။Sandman
ရဲ့လက်နက်တွေကိုအသုံးပြုပြီးလူသားတွေဟာ
စည်းစိမ်တွေနဲ့မူးရစ်နေခဲ့ကြ
ကာ တစ်နေ့မှာတော့ ကံကောင်းထောက်မစွာ Sandman ဟာ အချုပ်အနှောင်ကနေ လွတ်မြောက်သွားခဲ့ပြီးသူ့ရဲ့လက်နက်တွေ ကို ပြန်လည် ရှာပုံတော်ဖွင့်ပြီးသူ့ကို ဒီလိုဖြစ်အောင် နောက်ကွယ်ကဘယ်သူက စီမံနေလဲဆိုတာကိုရှာဖွေပါတော့တယ်။
ဒီ
Sandman series ဟာကျွန်တော်တို့တွေအချိန်က
ကြိုက်နှစ်သက်ခဲ့ကြတဲ့
The Lord of the ring တို့Game
of Throne တို့လို
Vibe မျိုးကိုပြန်ရရှိစေတဲ့
Series မျိုးဖြစ်ပြီးEpisode
တစ်ခုစီတိုင်းဟာကြည့်ရှုသူ့ကိုအတွေးတစ်ခု
သင်ခန်းစာတစ်ခု ပေးသွားမှာ ဖြစ်ပါတယ်။ Series မှာပါဝင်တဲ့ Character တစ်ယောက်စီ တိုင်းက သူတို့ရဲ့ ကျရာဇာတ်ကောင်ကို ပီပြင်စွာ သရုပ်ဆောင်ထားပြီး Being တွေရဲ့အလုပ်လုပ်ပုံတွေ လူသားတွေ ရှင်သန်နေရတဲ့အကြောင်းအရင်း
Dream realm တွေ အကြောင်းကိုသေသေချာချာလေး ရိုက်ပြထားတဲ့အပြင်CGI နဲ့ Cinematography ဟာTV series တစ်ခုအနေနဲ့ဆိုရင်တောင်အတော်လေး
မိုက်တာကိုတွေ့ရမှာပါ။DC
ရဲ့ထုံးစံအတိုင်းLGBTQ
နဲ့ပတ်သက်ပြီး အများကြီးတွေ့ရပါသေးတယ်။
LGBTQ ကို စီးပွားဖြစ်မဟုတ်ပဲကောင်းမွန်တဲ့
ရည်ရွယ်ချက်မျိုးနဲ့ ထိထိရောက်ရောက် Support သွားတာကိုတော့ သဘောကျမိပါတယ်။Constantine ကို မိတ်ဆက်တဲ့ နေရာမှာလည်း အတော်လေး ထိမိပြီး HBO max ရဲ့ Constantine series ကိုပိုပြီးမျှော်လင့်မိစေတယ်ဗျ။လက်ရှိမှာ
Imdb rating 8/10 Rotten tomatoes 85% ရရှိထားတဲ့အပြင်Netflix
ရဲ့ ကြည့်ရှုသူအများဆုံး series
အဖြစ် Top1 ဖြစ်သွားခဲ့ပြီ ဖြစ်ပါတယ်။LGBTQ နဲ့ Black Character အများအပြားပါဝင်မှုကြောင့်
review Bombing တွေလုပ်ခံထိနေပေမယ့်
အခြေအနေကောင်းနေပါသေးတယ်ဗျ။Sandman
နေရာမှာ သရုပ်ဆောင်တဲ့ Tom Sturridge ရဲ့
အေးစက်စက် Drama ဆန်တဲ့ အသံ ရယ် အဓိပ္ပါယ် ပါတဲ့မျက်လုံးအကြည့်တွေကိုတော့Series
ကြည့်ပြီးတာနဲ့ စိတ်ထဲ ဆွဲသွားမယ်ဆိုတာကတော့ အာမခံပါတယ်။