to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
The Shop Of The Lamp
သူနာပြုမလေးရွှီနျန့်က သူ့ချစ်သူနဲ့အတူတိုက်ခန်းတစ်ခုကိုပြောင်းသွားခဲ့ပါတယ် ။အဲဒီပြောင်းတဲ့နေ့မှာပဲ ခပ်လှမ်းလှမ်းမှာလည်း ယာဉ်တိုက်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ချစ်သူနဲ့ပျော်ပျော်ရွှင်ရွှင်ဘဝကိုဖြတ်သန်းဖို့ကြံရွယ်ထားတဲ့သူမရဲ့ဘဝမှာ မထင်မှတ်ထားတာတွေဆက်တိုက်ဖြစ်လာခဲ့ပါတယ် ။သူတို့ငှားနေတဲ့ အဆောက်အဦးကို အသစ်ထပ်ပြောင်းလာတဲ့လျိုယွီရှန်းဆိုတဲ့ကောင်မလေးမှာ အရိပ် နှစ်ခု ရှိနေတာကို ရွှီနျန့်ကမြင်သွားခဲ့ပါတယ် ။အဲဒါတင်မကသေးဘူး ။ အမြဲတမ်း လက်အိတ်စွပ်ထားတဲ့ ကျူးကျူးရဲ့မေမေ၊ twinkle twinkle little star သီချင်းကိုအမြဲတမ်းသီဆိုနေတဲ့အဘိုးအို ၊ နောက်ပြီး သူ့ကိုဆို မီးသီးမရောင်းပေးတဲ့ လမ်းဆုံက မီးသီးဆိုင်…ဒါ့အပြင် လူတစ်စုကိုတွေ့မိလားဆိုပြီး အမြဲတမ်းမေးမေးနေတဲ့တစ်ကိုယ်လုံးသဲတွေဖုံးနေတဲ့ လူကြီးတစ်ယောက်..ဒီလမ်းထဲမှာဘာတွေလျို့ဝှက်ထားမလဲ ? မီးသီးဆိုင်ကရော ဘယ်လိုဖြစ်တည်မှုမျိုးလဲ ?သူကအရာရာကိုထူးဆန်းနေတယ်ထင်ပေမဲ့ သူကိုယ်တိုင်ကမှပြဿနာရှိနေတာလို့ပြောလာတဲ့ မီးသီးဆိုင်ပိုင်ရှင်နဲ့ ရွှီနျန့် !ဘယ်သူကလူ ဘယ်သူကလူမဟုတ်တဲ့ဖြစ်တည်မှုနဲ့ ဇာတ်လမ်းကဘယ်လိုတွေအလှည့်အပြောင်းဖြစ်လာလိမ့်မလဲဆိုတာကိုဇာတ်ကားလေးထဲမှာပဲ စိတ်ဝင်စားစွာကြည့်ရှု့ဖို့တိုက်တွန်းလိုက်ပါတယ်
Genre: Drama , Fantasy , Mystery
Actor: Zhang Ruonan , Bai Yufan , Liu Yan , Liu Yijun , Sun Qian
Director:
Writer:
Country:
Release: 2023-12-08
Duration: 0 Min
Quality: HD
Rating: 0
7.333
Copyright 2024