to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
United States of Love
၆၆ ကြိမ်မြောက် ဘာလင်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာပြသဖို့ ရွေးချယ်ခံရတဲ့ပိုလန်ဒရမ်မာရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပုံမှန်ကြည့်နေကြရုပ်ရှင်ကားတစ်ကားနဲ့တော့ မတူတာအမှန်ပါပဲ။သေချာကြည့်လေလေ တွေးစရာအတွေးပေါ်လာလေလေဆိုတာဒီရုပ်ရှင်ကားမျိုးကိုပြောချင်တာဖြစ်ပါလိမ့်မယ်။ မတူညီတဲ့အသက်အရွယ်မှာရှိနေကြတဲ့ အမျိုးသမီးလေးယောက်ရဲ့မတူညီတဲ့ စိတ်ခံစားချက်၊ အိမ်ထောင်ရေးပြသာနာ၊ နေ့စဉ်ဘဝတွေကိုအချိတ်အဆက်မိမိရိုက်ပြပေးထားတာမို့ တွေးခေါ်ရတာကြိုက်တဲ့သူတွေအတွက်ကြည့်သင့်တဲ့ရုပ်ရှင်ကားလေးပါပဲ။ဇာတ်လမ်းအကျဉ်းလေးမိတ်ဆက်ပေးရရင်… အိမ်ထောင်သက်တမ်းကြာနေပြီဖြစ်ပေမယ့် စိတ်ခံစားချက်တစ်မျိုးပြောင်းလဲနေတဲ့အမျိုးသမီးအာဂါတာ.. ခင်ပွန်းဖြစ်သူကို တစ်ဖြည်းဖြည်းချင်း သဘောမတွေ့၊ လင်မယားကြားသွေးအေးတိုက်ပွဲတွေ ခဏခဏဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းက ဘာများဖြစ်မလဲ ? စည်းကမ်းကြီးတဲ့ကျောင်းအုပ်ဆရာမကြီး အီဇာကတော့အိမ်ထောင်သည်ဆရာဝန်တစ်ယောက်နဲ့ ခြောက်နှစ်ကြာအောင်ချစ်ကြိုက်နေတာတောင် ဘယ်သူမှမသိကြပါဘူး။ တရားဝင်ဇနီးသေဆုံးသွားတဲ့အချိန် အီဇာကသူ့ချစ်သူဆရာဝန်ဆီလိုက်သွားတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်ကြမလဲ ? အီဇာရဲ့ကျောင်းမှာဆရာမလုပ်နေတဲ့ ရီနာတာကတော့အသက်အရွယ်အရ ပင်စင်ယူဖို့တိုက်တွန်းခံနေရပါတယ်။ကျောင်းဆရာမအလုပ်သာမရှိတော့ရင် ဘာဆက်လုပ်ရတော့မလဲဆိုပြီးအတွေးတွေနဲ့စိတ်ဓါတ်ကျနေတုန်း အီဇာရဲ့ညီမဖြစ်သူမာဇီနာ နဲ့ ရင်းနှီးခွင့်ရခဲ့ပါတယ်။ ရီနာတာကတော့မာဇီနာနဲ့ အများကြီးပိုရင်းနှီးခွင့်ရချင်နေပါတယ်။ ငယ်ရွယ်နုပျိုတဲ့ မာဇီနာကတော့ ရုပ်ရှင်မင်းသမီးတစ်ယောက်ဖြစ်ဖို့အိပ်မက်ရှိပေမယ့်…အိပ်မက်နောက်ကိုလိုက်နေရင်းနဲ့ သူ့ဘဝကြီးတစ်ခုခုလိုအပ်နေသလိုခံစားနေရတဲ့အခါ ဘာတွေများမိုက်ရူးရဲဆန်ခဲ့ကြမလဲ… သူတို့လေးယောက်ရဲ့ နက်ရှိုင်းရှုပ်ထွေးတဲ့စိတ်ခံစားချက်ကို ဒါရိုက်တာကမီးခိုးမှိုင်းလေးတိုက်ပြီးရိုက်ပြထားလို့ ပိုပြီးပေါ်လွင်သွားစေပါတယ်။ရှင်သန်ခြင်းနဲ့သေဆုံးခြင်းဆိုတဲ့ ဘဝအပိုင်းအခြားတစ်ခုကိုရှုပ်ထွေးမှုပေါင်းများစွာနဲ့ ဖြတ်သန်းသင့်ပါသလား? သင်ဆိုရင်ရော နေ့စဉ်ဘဝကို ဘယ်လိုမျိုးစိတ်ခံစားချက်နဲ့ ဖြတ်သန်းချင်မိလဲ…ကျွန်တော်ကတော့ ပျော်ရွှင်မှုနဲ့ပဲနိုးထပြီး ပျော်ရွှင်မှုနဲ့ပဲ အိပ်စက်ချင်ပါတယ်…..ဒီဇာတ်ကားလေးနဲ့ အတွေးတစ်စရရှိပြီးဆေးရောင်စုံနေ့ရက်တွေပိုင်ဆိုင်နိုင်ပါစေဗျာ…
Genre: Drama
Actor: Julia Kijowska , Magdalena Cielecka , Dorota Kolak , ukasz Simlat , Andrzej Chyra , Marta Nieradkiewicz , Tomasz Tyndyk , Julia Chtnicka , Hanna Klepacka
Director:
Writer:
Country: Poland , Sweden
Release: 2016-07-29
Duration: 104 Min
Quality: HD
Rating: 0
5.818
Copyright 2024