to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Wild Bones
ဒီဇာတ်ကားကတော့ အိမ်တွင်းရေးပြဿနာတွေနဲ့ ကြီးမားတဲ့စိတ်ဒဏ်ရာတွေအကြောင်းကိုရိုက်ပြထားတဲ့ Psychological Horror Dramaကားတစ်ကားပါ။ ဒီဇာတ်ကားမှာ ညီအမနှစ်ယောက် အိပ်မက်ဆိုးတစ်ခုအကြား သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ပြန်လည်ထူထောင်ဖို့ ကြိုးစားကြပုံကို ရိုက်ပြထားပါတယ်။ ဇာတ်လမ်အကျဉ်းကတော့ ဖေး နဲ့ အဲလစ်တို့ဟာ ရှုပ်ထွေးလှတဲ့အတိတ်ကိုယ်စီနဲ့ ညီအမနှစ်ယောက်ပါ။ ဒီရှုပ်ထွေးလှတဲ့အရာတွေဟာ သူတို့နှစ်ယောက်ရဲ့ အဖေဖြစ်သူ ပျောက်ဆုံးသွားပြီးနောက်ပိုင်းမှာ ပိုမိုရှုပ်ထွေးလာခဲ့ပါတယ်။ ဖေးကတော့ သူ့အဖေပျောက်ဆုံးသွားရခြင်းကို လွဲမှားစွာမှတ်ယူထားပြီး သူမရဲ့ဘ၀ကို တိုက်စားခွင့်ပေးထားပါတယ်။ ဒါပေမယ့် ညီမဖြစ်သူ အဲလစ်ကတော့ ဖေးကိုဆက်သွယ်လာပြီး သူတို့ရဲ့ ပျောက်ဆုံးသွားတဲ့အဖေဟာ သူတို့အတွက် အိမ်တစ်လုံးထားခဲ့ပေးတယ်ဆိုတာကို ထုတ်ဖော်ပြောလာပါတယ်။သူ့အဖေရဲ့ အိမ်ကို အမွေဆက်ခံဖို့အတွက် ဖေး ဟာ သူမကို အတိတ်က စိတ်ဒဏ်ရာတွေပေးခဲ့တဲ့ တရားခံဖြစ်သူ သူမရဲ့မိခင်ရင်းနဲ့ ရင်ဆိုင်ရမှာပါ။ ညီအမနှစ်ယောက်ဟာ သူတို့ရဲ့ဆက်ဆံရေးကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားကြရင်း သူတို့ဟာ လိမ်ညာမှုတွေနဲ့ပြည့်နှက်နေတဲ့ ပင့်ကူအိမ်ထဲမှာ ဖမ်းခံထားရပြီး ဘယ်သူ့ကိုယုံရမလဲ ဘယ်အရာကိုယုံကြည်ရမလဲဆိုတာ မသေချာ မရေရာဖြစ်နေကြောင်းကို သိရှိလာကြပါတော့တယ်။ ဒါရိုက်တာဖြစ်သူ ဂျက်ခ်ဂျိမ်းစ်ရဲ့အဆိုအရ Wild Bones ဟာ တူညီတဲ့အတိတ်သမိုင်းကြောင်းနှစ်ခုကို မျှဝေထားကြပေမယ့် အဲဒီအတိတ်သမိုင်းကြောင်းမှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တာနဲ့ ပတ်သက်ပြီး သိသိသာသာကွဲပြားတဲ့ အယူအဆတွေရှိနေတဲ့ ညီအမနှစ်ယောက်အကြားက ဆက်ဆံရေးကို စူးစမ်းလေ့လာခြင်းကို ရိုက်ကူးထားတာလို့ဆိုပါတယ်။ ဂျိမ်းစ်က ဒီဇာတ်ကားကိုကြည့်ပြီးသွားရင် မိသားစုတစ်ခုရဲ့ ချမ်းသာသုခအပေါ် သက်ရောက်မှု၊ လူသားတစ်ယောက်ဖြစ်ရခြင်းရဲ့ အဓိပ္ပာယ်အပေါ် အတွေးအမြင်တွေကို နှိုးဆွပေးလိုက်လိမ့်မယ်လို့ မျှော်လင့်တယ်လို့
Genre: Drama , Horror , Mystery
Actor: Roxy Bugler , Mary Roubos , Tom Cray , Liz Farahadi , Gareth Haynes
Director:
Writer:
Country: United Kingdom
Release: 2022-04-01
Duration: 86 Min
Quality: HD
Rating: 1
4
Copyright 2024