Badtameez Dil
တီဗီစီးရီးမင်းသမီးလေးလို့ ခေါ်ရလောက်အောင် စီးရီးတွေအရိုက်များတဲ့မင်းသမီးချောလေး ရစ်ဒဟီဒိုဂရာ၊
မင်းသား ဘာရွန်းဆော့ဘ်တီတို့ အဓိကသရုပ်ဆောင်ထားပြီး အပိုင်းဆယ်ပိုင်းပါတဲ့ ဟင်ဒီစကားပြော
တီဗီဇာတ်လမ်းတွဲတခုပါ။လှပတဲ့လန်ဒန်မြို့ကြီးကိုနောက်ခံထားပြီးကြည့်ရမယ့် အချစ်ဇာတ်လမ်းလေးတစ်ခု။
ရန်ဘီးနဲ့ ဒီပီကားရဲ့ Yeh Jawaani Hai Deewani(2013)ထဲက သီချင်းအတိုင်းပါပဲ
“badtameez dil maane na maane na”တဲ့။ဒီထဲက ချစ်သူနှစ်ယောက်ကလည်း
သူတို့နှလုံးသားတွေကို နားထောင်ကြမှာလား။
နာကျင်လေသော နှလုံးသားနဲ့အမျိုးသမီးလေးတစ်ယောက်၊မှော်ဆန်ဆန်အချစ်ကိုမှ ယုံကြည်ပြီး
စိတ်ကူးယဉ်ဆန်လွန်းတဲ့အမျိုးသမီးလေးနဲ့ မော်ဒန်ခေတ်အချစ်ကိုယုံကြည်တဲ့
လက်တွေ့ဆန်လွန်းသူအမျိုးသားတို့ ဆုံတွေ့မှုကနေဖြစ်ပေါ်လာတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်။
သူတို့တွေရဲ့ အယူအဆမတူတာတွေကြားထဲကနေ လှပတဲ့ချစ်ခြင်းတရားတခု ပေါက်ဖွားလာမှာလား။
အဲဒီမတူတဲ့ အမြင်အယူအဆတွေကပဲ သူတို့နှစ်ဦးကို ကွဲကွာသွားစေမှာလားဆိုတာတော့
ကြည်နူးလွမ်းဆွတ်ဖွယ်ရာ ရှုမြင်ခံစားကြပါဦး။