Bambai Meri Jaan
Synopsis of Bambai Meri Jaan (2023)
BomBay My Beloved (2023)
ဘုံဘေဆိုတဲ့ ပင်လယ်ဆိပ်ကမ်းစီးပွားရေးမြို့ဟာ
ဒုစရိုက်မှုတွေ အင်မတန်ပေါများတဲ့မြို့ဆိုလည်းမမှား…
ဘုံဘေက လူမိုက်ဂိုဏ်းရာဇဝတ်ဂိုဏ်းတွေကိုထိန်းချုပ်ပြီး
ရေလမ်းကလာသမျှအဖိုးတန်ပစ္စည်းတွေ မှောင်ခိုရောင်းချနေကြ ၊
ဒုစရိုက်မှုမှန်သမျှနောက်ကွယ်ကကြိုးကိုင်နေသူ ဟာဂျီ
ဘုံဘေတစ်မြို့လုံးက ကြောက်ရွံ့ကြတဲ့ အနေအထားကနေ
တစ်မြို့လုံးလေးစားရတဲ့အခြေအနေထိဖန်တီးလာနိုင်ခဲ့တဲ့သူ
သူ့အလုပ်သူ့စီးပွားရေးတွေဆိုရင် သူခိုးအသေးစားကအစ
အထက်အရာရှိကြီးတွေအထိမထိရဲကြတဲ့အချိန်မှာ
သူ့ရဲ့ ဖုံးမနိုင်ဖိမရရာဇဝတ်မှုတွေကိုချေမှုန်းဖို့ တာဝန်ကျလာတဲ့သူကတော့
အစ်မေးလ်တို့ ပထာန်အထူးစုံစမ်းရေးအဖွဲ့
တစ်မြို့လုံးကိုခြယ်လှယ်နိုင်တဲ့ ရာဇဝတ်ဂိုဏ်းကြီးနဲ့ ရဲစွမ်းသတ္တိရှိတဲ့
သာမန်ရဲအရာရှိတစ်ယောက်ရဲ့ ထိပ်တိုက်တွေ့ဆုံပွဲ လူမိုက်တွေကြားက
အချင်းချင်းပတ်ကွက်ကျော်ရိုက်တဲ့အကွက်တွေကို မြင်တွေ့ရမဲ့စီးရီးတစ်ခုဖြစ်ပါတယ်