Black Butterflies
Synopsis of Black Butterflies [Les papillons noirs] (2022)
Black Butterflies [Les papillons noirs] (2022)
================================
ဇာတ်လမ်းဇာတ်အိမ်နက်နက်နဲနဲနဲ့ စိတ်ဝင်တစားကြည့်ရမယ့်
ပြင်သစ် Thriller စီးရီးတစ်ခုပါ။ IMDb Rating – 7.5/10 ရ
ထားတာမို့ ကောင်းမကောင်းကိုစိတ်ပူစရာလိုမယ်မထင်ပါဘူး။
မိသားစုနဲ့ကြည့်ဖို့မသင့်တော်တဲ့အခန်းတွေတော့ ပါပါတယ်။
ဘဝဇာတ်ကြောင်းကိုရေးထားတဲ့ဝတ္ထုတစ်ခုနဲ့ အောင်မြင်ထားတဲ့
စာရေးဆရာ အေဒရီယန်ဟာ နောက်စာအုပ်အတွက် အကြံဉာဏ်
ရဖို့ခက်နေတဲ့အချိန်မှာ သူစိမ်းတစ်ယောက်ဆီကဖုန်းဝင်လာပါတယ်။
လူ့လောကမှာသိပ်မနေရတော့တဲ့သက်ကြီးရွယ်အိုတစ်ယောက်က
သူ့ဘဝဇာတ်ကြောင်းကို စာအုပ်ရေးပေးဖို့ တောင်းဆိုလာတဲ့နောက်မှာ
အေဒရီယန်တစ်ယောက် ထိုလူရဲ့ဖွင့်ဟချက်တွေကိုမှတ်တမ်းယူရင်း
သူတစ်ပါးရဲ့အတိတ်က မှောင်မိုက်တဲ့အရိပ်မည်းတွေနဲ့ ပတ်သတ်မိ
သွားတဲ့အခါမှာတော့ . . .