to_view_this_video_please_enable_javascript,_and_consider_upgrading_to_a_web_browser_that Supports html5 video
Castlevania: Nocturne
များသောအားဖြင့်ဇာတ်လမ်းတစ်ခုပေါက်လို့ နောက်ဆက်တွဲတွေ ဆက်ထုတ်ရင်ဂွမ်းတာများပေမဲ့ ဒီစီးရီးကတော့ ပထမစီးရီးကိုကောင်းကောင်းကြီးယှဥ်နိုင်တဲ့အနေအထားမှာရှိပါတယ်။ ဇာတ်လမ်းဆင်ထားတာတော့ ပထမစီးရီးကအဖြစ်အပျက်ပြီးနှစ်ပေါင်းသုံးရာအကြာ ပြင်သစ်နိုင်ငံရဲ့တော်လှန်ရေးကာလ ( ၁၇၈၉ -၁၇၉၉)ပါ။ မြန်မာတွေသိကြတဲ့ဇာတ်လမ်းဖြစ်တဲ့ လူတွေငတ်ပြတ်နေလို့ ပေါင်မုန့်တောင် စာစရာမရှိဘူးဆိုပြီး ဘုရင်ကိုတောင်းဆိုချိန်မှာ ပေါင်မုန့်မရှိရင် ကိတ်မုန့်စားဆိုပြီးဘုရင်မကပြောခဲ့ရာကနေ လူထုအုံကြွမှုပိုဆိုးသွားပြီး နောက်ဆုံး ပြည်သူတွေဟာ နန်းတော်ထဲအထိဝင်စီးကာ ဘုရင်ကိုရော၊ ဘုရင်မကိုပါ ဖမ်းဆီးပြီး ခေါင်းဖြတ်သတ်ခံထိတဲ့ ဘုရင်မMarie Antoinette (မာရီအန်တွာနတ်)က ဒီဘုရင်မပါပဲ။ပြင်သစ်တော်လှန်ရေးအကြောင်းကိုအကြမ်းဖျင်းလေပေါပြရရင်တော့ ပြင်သစ် တော်လှန်ရေးဆိုတာက ၁၈ ရာစုနှောင်းပိုင်းကာလ ၁၇၈၉ – ၁၇၉၉ ခုနှစ်အတွင်း ပြင်သစ်သမိုင်းမှာဖြစ်ပျက်ခဲ့တဲ့နိုင်ငံရေး၊ လူမှုရေး အပြောင်းအလဲကြီး တစ်ရပ်ပါ။ အဲ့ဒီခေတ်ကာလတုန်းက ပြင်သစ်နိုင်ငံမှာ ဘုရင်နှင့် ဘာသာရေး အကြီးအကဲ ကက်သလစ် ဘုန်းတော်ကြီးများကြီးစိုးသည့် သက်ဦးဆံပိုင် ဧကရာဇ် စနစ်ကိုတွန်းလှန်ခဲ့ပြီးလူတိုင်း တန်းတူ အခွင့်အရေးရှိသည့် အုပ်ချုပ်ရေး စနစ်သို့ ကူးပြောင်းနိုင်ခဲ့ပါတယ်။ တော်လှန်ရေးစတင်ဖြစ်ပွားစေတဲ့အကြောင်းအရင်းကတော့ ပြင်သစ်ဘုရင် လူဝီ၁၄ရဲ့ အသုံးအဖြုန်းကြီးပြီး သြဇာအာဏာကြီးမားချင်ရာကနေ အိမ်နီးချင်းတိုင်းပြည်တွေကိုစစ်ခနခနတိုက်လို့ စစ်စရိတ်ထောင်းပြီးအခွန်တွေတိုးကောက်၊ ကုန်စျေးနှုန်းတွေစကြီးလာတာကြောင့်ပါ။ နောက်တက်တဲ့ဘုရင်တွေဖြစ်တဲ့ လူဝီ၁၅၊ လူဝီ၁၆တို့ဟာလည်း အသုံးအဖြုန်းကြီးတဲ့ဘုရင်တွေပါပဲ။ ပြည်သူတွေမွဲသထက်မွဲလာပြီး ပြည်သူတွေရဲ့အခြေအနေကပိုဆိုးလာပါတယ်။ ဘုရင်ကိုကပ်ဖားနေတဲ့မှူးမတ်တွေနဲ့ ကတ်သလစ်ဘုန်းကြီးတွေကလည်း မြေတွေကိုအများကြီးရယူထားပြီးအခွန်မဆောင်ကြတော့ အခြေအနေကပိုဆိုးလာပါတယ်။ နယ်စားမြို့စားတွေဘာလုပ်လုပ်ပြည်သူဘက်က တရားပြန်စွဲဆိုခွင့်မရှိတော့ မကျေနပ်ချက်တွေလည်းပိုများလာတယ်လေ။အဲ့ဒီကာလမှာ ပြည်သူတွေကို အသိဥာဏ်ဖွင့်ပေးတဲ့ပညာရှိစာရေးဆရာတွေဖြစ်တဲ့ ဗော်လတဲယား၊ မွန်တက်စကျူး၊ ရူးဆိုးတို့ရဲ့လမ်းပြပေးမှုကြောင့် ဘုရင်ဆိုတဲ့ကောင်တွေဟာ နတ်သိကြားတွေလည်းမဟုတ်၊ မိုးကျရွှေကိုယ်တွေလည်းမဟုတ်တာကို ပြည်သူတွေဟာ ပိုပိုပြီးသဘောပေါက်လာကြပြီး အုပ်ချုပ်ရေးပိုင်းမှာလည်း ပြည်သူတွေပါခွင့်ရှိကြောင်းသိလာရသလိုအရမ်းကိုနုံချာစုတ်ပြတ်နေတဲ့မိမိတို့အခြေအနေကိုပါသတိပြုလာကြတယ်။ နောက်တော့၁၇၈၉မှာ ဘုရင်ဆိုတဲ့ကောင်ဟာ သူသုံးဖြုန်းနေတာကိုကာမိဖို့အခွန်တိုးကောက်ဖို့အတွက်အစည်းအဝေးခေါ်တယ်။ ပြည်သူ့ကိုယ်စားလှယ်တွေက ကန့်ကွက်တယ်။ ဘုရင်က စစ်တပ်နဲ့ချိန်းခြောက်တယ်။ ပြည်သူ့ကိုယ်စားလှယ်တွေက လွှတ်တော်ကနေထွက်ပြီး စင်ပြိုင်လွှတ်တော်ထောင်တယ်။ ခြေဥအသစ်ရေးဆွဲပြီးတဲ့အထိ လွှတ်တော်ကိုမဖျက်သိမ်းဘူးလို့ကျိန်ဆိုကြတယ်။ ဘုရင့်လွှတ်တော်က တခြားလွှတ်တော်ကိုယ်စားလှယ်တွေလည်းအမြင်မှန်ရပြီးလာပူးပေါင်းတယ်။ နောက်ဆုံးတော့ ပြည်သူတွေရဲ့လွှတ်တော်ကိုဘုရင်က အသိအမှတ်ပြုရတယ်။ ဒါပေမဲ့ အင်အားသုံးဖြိခွဲဖို့ကိုတော့ဆက်လုပ်တယ်။ လွှတ်တော်ရဲ့ဝန်ကြီးချုပ်ကိုဖြုတ်ပစ်တယ်။ အဲ့ဒီအခါမှာတော့ ပြည်သူတွေဟာ လက်နက်တွေရဖို့ ဗက်စတီးကိုအကျဥ်းထောင်ကိုတိုက်ခိုက်တယ်။ သက်ဦးဆံပိုင်ဘုရင်စနစ်ကိုတော်လှန်မှုစဖြစ်ပွားတယ်။ နောက်တော့ စည်မျဥ်းခံဘုရင်စနစ်ကိုပြောင်းပစ်နိုင်ခဲ့တယ်။ ကျွန်စနစ်ကိုဖျက်သိမ်းပေးလိုက်ရတယ်။လူတိုင်းဟာ လွတ်လပ်စွာပြောဆိုခွင့်၊ မဲပေးခွင့်ရလာတယ်။ လူဝီဘုရင်ဟာ စည်းမျဥ်းခံဘုရင်စနစ်အောက်မှာ အကျဥ်းသားလိုနေရလို့ပြင်သစ်နိုင်ငံရဲ့ရန်သူနိုင်ငံတွေနဲ့လျှို့ဝှက်ဆက်သွယ်တယ်။ နောက်တော့ထွက်ပြေးဖို့ကြိုးစားရာကနေ ပြန်အဖမ်းခံရတယ်။ဘုရင်ကိုလူတွေက မယုံကြည်ကြတော့တာမလို့ တော်လှန်ရေးသမားတွေထဲမှာ ဘုရင့်ဂိုဏ်းနဲ့သမ္မတဂိုဏ်းဆိုပြီး၂ခုကွဲတယ်။ သမ္မတဂိုဏ်းကအာဏာရလာပြီး စည်းမျဥ်းခံဘုရင်စနစ်ကိုဖျက်သိမ်းပြီး သမ္မတစနစ်ကိုထူထောင်တယ်။ ဘုရင်ကိုကွပ်မျက်ပစ်တယ်။ သမ္မတစနစ်ဖြစ်လာပေမဲ့ကတ်သလစ်ဂိုဏ်းဟာ ဘာသာရေးချုပ်ချယ်တယ်ဆိုပြီး အစိုးရသစ်ကိုအားမပေးတော့ဘူး။ဘုရင့်ဂိုဏ်းကလူတွေကလည်း ထကြွပုန်ကန်တယ်။ ငွေစက္ကူတွေကိုစည်းကမ်းမဲ့ရိုက်နှိပ်လို့ကုန်သည်တွေကလည်း မကျေမနပ်ဖြစ်လာတယ်။ ဘုရင်စနစ်ကိုဖျက်သိမ်းနိုင်ခဲ့တာမလို့ ဥရောပက တခြားသက်ဦးဆံပိုင်နိုင်ငံတွေဟာ သူတို့ဆီမှာအလားတူအရေးတော်ပုံထပ်ပေါ်လာမှာစိုးပြီးပြင်သစ်အစိုးရကိုဝိုင်းတိုက်ခိုက်ဖို့လုပ်တယ်။ အဖက်ဖက်က ဘေးကြပ်နံကြပ်အခြေအနေတွေဖြစ်လာတာမလို့ ပြင်သစ်ဟာ လွတ်လပ်ရေးကိုခနစွန့်လွှတ်ပြီး ကာကွယ်ရေးကော်မတီလို့ခေါ်တဲ့အဖွဲ့ဆီကိုအာဏာကုန်လွှဲအပ်လိုက်ရတယ်။ ကော်မတီဟာ အာဏာရှင်စနစ်နဲ့အုပ်ချုပ်တယ်။ဘုရင့်ဂိုဏ်းသားတွေကိုဖမ်းရင်လည်း အပြစ်မဲ့ပြည်သူတွေကိုပါမသင်္ကာမှုနဲ့ဖမ်းဆီးသုတ်သင်တာတွေလုပ်ခဲ့တယ်။ သမ္မတဂိုဏ်းမှာလည်း သမ္မတနိုင်ငံရဲ့ရန်သူမှန်သမျှကိုခပ်ကြမ်းကြမ်းနှိမ်နင်းတဲ့ဂိုဏ်းနဲ့အသတ်အဖြတ်လျှော့ချင်တဲ့ဂိုဏ်းဆိုပြီး၂ခြမ်းကွဲတယ်။ နောက်တော့ ခပ်ကြမ်းကြမ်းနှိမ်နင်းတဲ့ဂိုဏ်းက လွှမ်းမိုးသွားပြီး ကျန်ဂိုဏ်းကလူတွေကိုပါနှိမ်နင်းသတ်ဖြတ်ပစ်တယ်။သမ္မတအစိုးရဟာ ပြည်တွင်းပြည်ပရန်သူများကို မညှာမတာနှိပ်ကွပ်တယ်။ ပရပ်ရှားနှင့် ဩစတြီးယားစစ်တပ်များရဲ့ကျူးကျော်စော်ကားမှုကိုလည်း တွန်းလှန်ခဲ့တယ်။ ပြည်တွင်းပြည်ပရန်များ ကင်းရှင်းလာတော့လူထုဟာ သတ်ဖြတ်မှုများကို ညည်းငွေ့လာကြတယ်။ ကော်မတီခေါင်းဆောင်အပါအဝင်တယူသန်သမားတွေကိုသတ်ပစ်လိုက်တယ်။ ပြီးတော့ ခြေဥသစ်ရေးဆွဲပြီး အစိုးရအသစ်တက်လာတယ်။ ခေါင်းဆောင်ငါးဦးပါလို့ ငါးဦးအစိုးရလို့ခေါ်ကြတယ်။ ငါးဦးအစိုးရလက်ထက်မှာ ပြည်ပရန်တွေကိုနိုင်နင်းခဲ့ပေမဲ့ ပြည်တွင်းမငြိမ်မသက်မှုကိုမထိန်းသိမ်းနိုင်ခဲ့ဘူး။ ငါးဦးကိုယ်တိုင် ဖောက်ပြားလာခဲ့တယ်။ နောက်တော့ နပိုလီယံက အာဏာသိမ်းလိုက်တော့တယ်။ အဲ့မှာပဲ ပြင်သစ်တော်လှန်ရေးကလုံးဝဇာတ်သိမ်းသွားရတာတော့တယ်။ဒါကတော့ ပြင်သစ်တော်လှန်ရေးအကြမ်းဖျဥ်းပါ။ အကြမ်းဖျဥ်းတောင်မှ ရေးရတာတော်တော်ကိုရှည်ပါတယ်။ ????ရေးတာကရှည်နေပြီဆိုတော့ ဇာတ်လမ်းအကျဥ်းကိုအများကြီးထပ်မရေးတော့ဘူး။အပေါ်မှာရေးထားတဲ့တော်လှန်ရေးကြီးမှာ သွေးစုပ်ဖုတ်ကောင်တွေက မင်းစိုးရာဇာတွေဘက်မှာပါတယ်ဆိုပြီးဇာတ်လမ်းဆင်ထားတယ်လို့ပဲပြောပါရစေ။
Genre: Drama , Animation , Sci-Fi & Fantasy
Actor: Edward Bluemel , Pixie Davies , Thuso Mbedu , Sydney James Harcourt , Nastassja Kinski , Zahn McClarnon
Director:
Writer:
Country: US
Release: 2023-09-28
Duration:
Quality: HD
Rating: 0
8.053
Copyright 2024