C*A*U*G*H*T
Synopsis of C*A*U*G*H*T (2023)
C*A*U*G*H*T (2023)
=================
ဟာသစီးရီး ကြိုက်သူတွေအတွက် ဩစတြေးလျနိုင်ငံ ထုတ်လုပ်တဲ့
ဟာသစီးရီးတစ်ခု တင်ဆက်ပေးချင်ပါတယ်။ ပုံမှန် ကြည့်နေကြ
Hollywood ကထုတ်လုပ်တဲ့ ဟာသစီးရီးတွေနဲ့ မတူညီသလို၊ စစ်ပွဲ
နောက်ခံ ဟာသစီးရီးမျိုးမို့လို့ အမြင်ဆန်းစေမှာပါ။ ဟာသတွေနဲ့ ပေါ့
ပေါ့ပါးပါး ကြည့်ချင်တယ်ဆိုရင်တော့ ဒီစီးရီးက အချိန်ကုန်ရကျိုးနပ်
မှာပါ။
****အမြင်မတင့်တယ်တဲ့ ပြကွက်တွေ၊ ရိုင်းပြတဲ့ စကားလုံးအသုံးနှုန်း၊
ဟာသတွေ ပါဝင်ပါတယ်****
ဩစတြေးလျနိုင်ငံကနေ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ဘဟာတီပရင်စလို
ဆိုတဲ့ ကျွန်းနိုင်ငံလေးကို အထူးတပ်ဖွဲ့ဝင် လေးယောက် စေလွှတ်ကာ
လျှို့ဝှက်မစ်ရှင် တစ်ခုထမ်းဆောင်စေပါတယ်။ ဒါပေမယ့် သူတို့ မစ်ရှင်
ထမ်းဆောင်ပြီး အပြန်မှာ သူပုန်တပ်တွေရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပါ
တယ်။ သူပုန်တွေက သူတို့ လေးယောက်ကို ဗွီဒီယိုရိုက်ပြီး YouTube ပေါ်
တင်လိုက်တာကြောင့် နာမည်ကြီးသွားပါတယ်။ ဩစတြေးလျအစိုးရက
တော့ မဟုတ်ကြောင်းသာ ငြင်းဆန်ပြီး ပြန်ကယ်ဖို့ အစီအစဉ်မရှိပါဘူး။
ဒါကြောင့် သူတို့လေးယောက် ဘယ်လိုထွက်ပြေးကြမလဲ၊ ဘာတွေ တလွဲ
တွေလုပ်ကြမလဲဆိုတာကို ဟာသတွေနဲ့ပေါ့ပေါ့ပါးပါးကြည့်ရမှာပါ။