Chicken Nugget
Chicken Nugget (2024)
***********************
အပိုင်းသစ် (၁ မှ ၁၀) စ/ဆုံး
ဒီဇာတ်ကားလေးက လက်ရှိ ထုတ်လွှင့်နေတဲ့ ဇာတ်ကားတွေနဲ့ မတူဘဲ
တမူထူးခြားပြီး ဆန်းပြားတဲ့ ဇာတ်လမ်းပုံစံလေးကြောင့် မထွက်ခင်ကတည်းက
ပရိတ်သတ်ရဲ့စိတ်ဝင်စားမှုကို ရရှိထားပြီးသားမလို့ လက်လွှတ်မခံသင့်တဲ့
ကားလေး ဖြစ်ပြီးတော့ တစ်ကားလုံး အူပြတ်အောင် ခွီနေရမှာ အသေအချာပါပဲ။
သရုပ်ဆောင်တွေကတော့ Choi Sun-Man အဖြစ် မင်းသားကြီး Ryu Seung-Ryong၊
Go Beak-Joong အဖြစ် Ahn Jae-Hong၊ Choi Min-A အဖြစ် ပရိတ်သတ်ကြီးတို့ရဲ့အသဲစွဲ
Kim You-Jung က special appearanceအနေနဲ့ ပါဝင်ထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် cameo အဖြစ်နဲ့ Squid Gameထဲက Jung Ho-Yeonက ပါဝင်အားဖြည့်ထားပါသေးတယ်။
ဇာတ်လမ်းအညွှန်း
Choi Sun-Manက အသေးစားစက်ပစ္စည်း ကုမ္ပဏီပိုင်ရှင်ဖြစ်ပါတယ်။
Go Baek-Joongကတော့ အဲဒီကုမ္ပဏီက အလုပ်သင်ဖြစ်ပြီးတော့
Choi Sun-Manရဲ့သမီး Choi Min-Aအပေါ် ကြိတ်ကြွေနေသူပါ။
တစ်နေ့မှာတော့ Choi Min-Aက ကြက်သားလုံးကြော်ပေးဖို့ဆိုပြီး
အဖေ့ကုမ္ပဏီကို ရောက်လာတယ်။
အဲဒီကနေ ကုမ္ပဏီမှာ အသစ်ရောက်ထားတဲ့ စက်ထဲ ဝင်ပြီး စပ်စုမိရာက
Choi Min-Aက လူအဖြစ်ကနေ ကြက်သားလုံးကြော် ဖြစ်သွားခဲ့တယ်။
ကြက်သားလုံးကြော်ဘဝရောက်နေတဲ့ Choi Min-Aကို
သူ့အဖေနဲ့ အလုပ်သင်လေးက ဘယ်လိုလူပြန်ဖြစ်အောင် လုပ်မလဲဆိုတာကို
တစ်ကားလုံး ခွီရင်း ကြည့်ရှူရမှာပါ။