CSI: Vegas
Synopsis of CSI: Vegas (2021)
Anthony E. Zuiker ရဲ့ CSI ကို အခြေခံရိုက်ကူးထားတဲ့ စီးရီးကောင်းတစ်ခုပါ။CSI နဲ့တွေ့လို့ကတော့ ခင်ဗျားတို့ လူသတ်ရင် ချွေးတွေ
တံတွေးတွေတောင်ကျန်ခဲ့လို့ မရဘူးသာမှတ်ပါ
ဆရာတွေက လက်သံပြောင်လို့ပါ။
CSI ဆိုရင် နာမည်ကြီးလွန်းလို့ Spin-off တွေအဖြစ်
CSI: Miami တို့ CSI: NY တို့ CSI: Cyber တို့ စီးရီးတွေအပြင်
မူလ CSI အဆက် Stand alone ရုပ်ရှင်
CSI: Immortality လည်းထွက်ရှိထားပါတယ်။
ဒါ့အပြင် ဒီစီးရီးက အရင် CSI ရဲ့ follow-up series တစ်ပုဒ်ဖြစ်ပါတယ်။
ဘာလို့လဲဆိုတော့ ဒီ Season 1 မှာဆိုရင် မူလ CSI တုန်းက
ဇာတ်ကောင်တွေဖြစ်တဲ့ ဂေးလ်နဲ့ ဆာရာလည်း ပြန်ပါဝင်ထားပြီး
တစ်ပိုင်းကို အမှုတစ်ခုအနေနဲ့ ဇာတ်ကိုသွားနေကြ ပုံစံကနေ
သူတို့နှစ်ယောက်ကလည်း တခြား Plot ကို ဖြေရှင်းပုံနဲ့
Season တလျှောက် ထည့်ထားပါသေးတယ်။
လက်ရှိမှာ စီစန် ၂ ထိ ထွက်ရှိထားပြီး Rating ကောင်းကောင်းနဲ့
စိတ်ဝင်စားဖိုကောင်းတဲ့ ဇာတ်လမ်းလို crime တွေ autopsy တွေကို
စိတ်ဝင်စားသူတွေအတွက်တော့ ရွှေပါပဲ။
ဒီစီးရီးမှာလည်း အရင် CSI လိုပဲ တစ်ပိုင်းနဲ့ တစ်ပိုင်း
မတူတဲ့ အမှုတွေကို CSI အဖွဲက ကြိုးစားဖြေရှင်းကြတာတွေကို
မြင်တွေ့ရမှာဖြစ်ပါတယ်။