Fool Me Once
ဇာတ်လမ်းအကျဉ်းကတော့ လေတပ်ကပ္ပတိန်ဟောင်း
မာယာစတန်းရဲ့ ယောက်ျားဖြစ်သူ ဂျိုးသေဆုံးပြီး
မာယာစတန်းတစ်ယောက် ပူဆွေးနေချိန် သူ့ရဲ့ သမီးလေးကို
စောင့်ကြည့်ဖို့ တပ်ထားတဲ့ ကင်မရာမှာ သူရဲ့ ယောက်ျား ဂျိုး
ပေါ်လာတဲ့အခါမှာ ဘာတွေ ဆက်ဖြစ်သွားမလဲ။
စစ်ပွဲကြောင့် စိတ်ဒဏ်ရာရထားတဲ့ မာယာတစ်ယောက်
ဒါကို ဖော်ထုတ်လို့ ကြိုးစားနေတုန်း သူ့ညီမကို သတ်တဲ့
သေနတ်နဲ့ပဲ သူ့ရဲ့ ယောက်ျားကို သတ်သွားမှန်းသိရတဲ့အခါ
ပိုပြီး စိတ်သောကတွေ ရောက်လာပါတော့တယ်။
ယောက္ခမဖြစ်သူရဲ့ ဖိအားပေးမှုတွေ၊ စစ်ပွဲ ကြောင့် ဖြစ်လာတဲ့
စိတ်ဒဏ်ရာတွေ၊ ညီမဖြစ်သူနဲ့ ယောက်ျားဖြစ်သူရဲ့ သေဆုံးမှုတွေ၊
သူ့ယောက်ျားဖြစ်သူကို လုံခြုံရေး ကင်မရာကနေ မြင်လိုက်ရလို့
စိတ်တွေဝေမှုတွေကြားကနေ အမှုမှန် ဖော်ထုတ်ပုံတွေ၊
ဒီလို အမှုမှန် ဖော်ထုတ်ရာမှာ ကြုံတွေ့လာရမယ့်
အန္တရာယ်တွေကို thriller ဆိုတဲ့ အတိုင်း
ရင်တထိတ်ထိတ်နဲ့ ခံစားရမှာ ဖြစ်ပါတယ်။