Jab Mila Tu
Synopsis of Jab Mila Tu (2023)
Jab Mila Tu (2024) “ဘာရယ်ကြောင့်များ…”
CMပရိသတ်ကြီးအတွက် ဒီတစ်ခါတင်ဆက်ပေးမယ့် အိန္ဒိယစီးရီးလေးကတော့ youtubeတို့
spotifyတို့မှာကိုသီချင်းတွေ နာမည်ကြီးနေတဲ့ Musical Rom-Comလေးပဲ ဖြစ်ပါတယ်။
ဒီထဲက သီချင်းတွေကို အဓိကရေးသားပေးထားတာကတော့
နာမည်ကျော် တေးရေး၊တေးဆို Vishal Dadaniပဲ ဖြစ်ပါတယ်။
သီချင်းမြူးမြူးလေးတွေနဲ့တင် နားထောင်ကောင်းရုံမကပဲ မင်းသားနဲ့မင်းသမီးလေးကလည်း
ရွှေရင်အေးစရာဆွဲဆောင်မှုရှိတဲ့အပြင်ဇာတ်လမ်းဇာတ်ကွက်ကပါ စီးရီးပီပီအချိတ်အဆက်
အလှည့်အပြောင်းကောင်းတော့ အရသာကောင်းတဲ့ 3 in 1 တစ်ခွက်လို့ပဲ ညွှန်းဆိုပေးလိုက်ရင် မမှားပါဘူးဗျာ။
ဇာတ်လမ်းအကျဉ်းလေးကတော့ စူပါစတားအဆိုတော်မာဒီဟာ
ဂျစ်ကန်ကန်နဲ့ ထင်ရာမြင်ရာလုပ်တတ်တဲ့သူတစ်ယောက်ပါ။
သူ့စိတ်ထဲရှိတဲ့အတိုင်းပဲ နေထိုင်လုပ်ကိုင်တတ်ပြီး ဘဝကြီးကို လွတ်လပ်စွာနေထိုင်သူတစ်ယောက်ပါ။
ဂျိုးဆိုတဲ့ကောင်မလေးကတော့ အဖေ့ဆီကအမွေရထားတဲ့ ကော်ဖီဆိုင်လေးကို
အောင်မြင်အောင်ရုန်းကန်နေရတဲ့ ဂိုအာမြို့သူ လုင်ငန်းရှင်ပေါက်စလေးပေါ့။
သိပ်လှတဲ့ ဂိုအာမြို့လေးမှာ မာဒီနဲ့ဂျိုးနဲ့ဆုံတွေ့မှုကတော့ Rom-Comတွေရဲ့ထုံးစံအတိုင်း ဂျိုးရဲ့ဖုန်းက
မာဒီရဲ့ကားပေါ်မှာကျန်ခဲ့တာက စပါတယ် အဲဒီကနေစလွဲလာတဲ့ Tom and Jerryအတွဲရဲ့
ဂိုအာကမ်းခြေအချစ်ဇာတ်လမ်းလေးကို ရင်ခုန်ခံစားနိုင်စေဖို့ CM Bollywood Team ကနေ
နှလုံးရွှင်ရွှေရင်အေး စီးရီးလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။