Kaala
Synopsis of Kaala (2023)
Kaala (သို့) ငွေမည်းဘုရင်များ၏ အရှုပ်တော်ပုံ (2023)
IMDb 6.7/10
နောက်ဆုံးထွက် အသစ်စက်စက် ငွေမည်းမှောင်ခိုအကြောင်း စီးရီးလေးတစ်ခု တင်ဆက်ပေးချင်ပါတယ်
ဒီစီးရီးမှာဆိုရင် အပိုင်း၈ပိုင်းထိ ပါဝင်ပြီး တစ်ပိုင်းချင်းစီကို မျက်တောင်မခတ်တမ်းကြည့်ရှုရမှာပဲဖြစ်ပါတယ်
ဒီစီးရီးက ဘာနဲ့တူလဲဆိုရင် ဟိုတလောတုန်းကထွက်ရှိထားတဲ့ Farzi နဲ့နည်းနည်းဆင်တူပေမဲ့ ဒီကောင်က Plot ပိုင်းဆိုင်ရာမှာ ကြည့်တဲ့လူတွေကိုပိုပြီးခေါင်းစားစေမှာပါ
အမှန်တရားနောက်ကွယ်က လက်မည်းကြီးတွေနဲ့ အာဏာတွေပါဝါတွေအောက်ကနေ အဖြစ်မှန်ကိုလိုက်စုံစမ်းနေတဲ့ စုံစမ်းရေး IB အရာရှိ ရစ်ဝစ်ခ်…
သူလိုက်နေတဲ့ အကောင်ကြီးတွေကတော့ အနောက်ဘင်္ဂလားဒေ့ရှ်က ငွေကြေးခဝါချသူတွေနဲ့ အဲဒီငွေမည်းတွေကို မှောင်ခိုသယ်ယူပို့ဆောင်နေတဲ့
သူ့ရဲ့ဂိုဏ်းကြီးတစ်ခုရဲ့ ခေါင်းဆောင်၊ နာမည်ကြားတာနဲ့ ဥပဒေဘက်တော်သားတိုင်းရှိန်တဲ့၊ လက်ရှောင်ကြတဲ့ တစ်မိုးအောက် ငွေမည်းဘုရင် “နန်မန်အာရာ”…
ဂိုဏ်းကြီးဆိုတဲ့အတိုင်း အထက်ကလူတွေကို တစ်ဆင့်ပြီးတစ်ဆင့် လာဘ်ထိုးကာ အိန္ဒိယကနေတစ်ဆင့် မှောင်ခိုမှုတွေ ပြုကြပါတော့တယ်..
ဒီလိုကနေတစ်ဆင့် စစ်ဆင်ရေးလုပ်နေစဉ်မှာပဲ အရာရှိရစ်ဝစ်ခ်ရဲ့ရင်ထဲမှာ တိမ်းအောင်းနေတဲ့ အဖေဖြစ်သူအပေါ်နာကျည်းမှုတွေရဲ့အမှန်တရားတွေ ယှဉ်တွဲလာတဲ့အခါ…
ပိုက်ဆံက အရာရာဆိုတဲ့လူတွေကြား လူလေး၅ယောက်လောက်သာပါဝင်တဲ့ စုံစမ်းရေးအရာရှိတို့အဖွဲ့ ဘယ်လိုတွေအားပြိုင်ကြမလဲ