Karmma Calling
Synopsis of Karmma Calling (2024)
Karmma Calling (2024) “ကံ၏ စေစားရာ”
IMDb – 5.8/10
Disney+ Hotstarကနေ အပိုင်းခုနစ်ပိုင်းနဲ့ ထုတ်လွှင့်လိုက်တဲ့ စိတ်ဝင်စားစရာ
ဇာတ်လမ်းတွဲ တစ်ခုကို တင်ဆက်ပေးပါရစေ။
Guilty Minds (2022)မှာ ရှေ့နေမလေးအဖြစ်ပါဝင်ခဲ့တဲ့
မင်းသမီးချောလေး နာမရမ်တာ ရှက်သ်က ဒီထဲမှာ ကံတရားလို့ အဓိပ္ပါယ်ရတဲ့
ကာမာနာမည်နဲ့ အမျိုးသမီးလေးအဖြစ်ပါဝင်ထားပါတယ်။
ကိုယ့်လုပ်ရပ်ကိုယ်ပဲကြောက် ဘုရားကိုမကြောက်နဲ့
ဘုရားက ခွင့်လွှတ်တယ် ကံတရား(ကာမာ)ကတော့ ခွင့်လွှတ်မှာမဟုတ်ဘူးတဲ့။
အကုန်လုံးကို ခွင့်လွှတ်ပြီး ကိုယ့်ဘ၀ကိုယ်ဆက်လျောက်ပါဆိုတဲ့ အဖေဖြစ်သူရဲ့စကားကို
လက်မခံနိုင်ဘဲ သင်ပြုသောကံ ပဲ့တင်သံ သင့်ထံပြန်လာမည်ဆိုတဲ့ ဆိုရိုးအတိုင်း ကာမာတစ်ယောက်
သူတို့သားအဖအပေါ် ဒုက္ခပေးတဲ့မိသားစုကို အကွက်ကျကျ လက်စားချေဖို့ကြိုးစားပါတယ်။
သစ္စာဖောက်မှုဆိုတာ ကိုယ်အချစ်ရဆုံးလူဆီကလာတဲ့အခါ အနာကျင်ရဆုံးပဲဆိုတာက ကာမာရဲ့ခံယူချက်။
ဒီခံယူချက်ကို အရင်းတည်ပြီး သူတို့သားဖဘ၀တွေ စုတ်ပြတ်သွားစေတဲ့မိသားစုဆီကို
အစစအရာရာပြင်ဆင်ပြီး လက်စားချေဖို့ ဝင်လာခဲ့တဲ့အခါမှာတော့…။