Lost in Space
လူသားတွေက အသိဉာဏ်ရှိတဲ့သတ္တဝါတွေဖြစ်တာကြောင့် ကျောက်ခေတ်ကနေစပြီးတဖြည်းဖြည်းနဲ့ တိုးတက်ပြောင်းလဲလာခဲ့အတွက် ခေတ်မှီတိုးတက်လာခဲ့သလိုနည်းပညာတွေလည်း တိုးတက်လာခဲ့ပါပြီ။
ဒါပေမယ့် လူဦးရေတိုးတက်လာတဲ့အမျှ ကမ္ဘာမှာ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေငတ်မွတ်ခေါင်းပါးမှုတွေ စစ်ပွဲတွေ စတာတွေကြောင့် ကမ္ဘာကြီးဟာတစ်ဖြည်းဖြည်းနဲ့နေပျော်စရာမကောင်းတော့ပါဘူး။ ဒါကြောင့် ခေတ်သစ်သိပ္ပံပညာရှင်တွေရဲ့ ခြေလှမ်းဟာ စကြာဝဠာထဲကနောက်ထပ် အခြေချနေထိုင်လို့ရမယ့် ဂြိုလ်တွေ ရှာဖွေရေးဖက်ကို ဦးတည်လုပ်ဆောင်လာခဲ့ရင်းနဲ့ကမ္ဘာနဲ့အလှမ်းဝေးလှတဲ့ စကြာဝဠာတစ်နေရာမှာ လူသားတွေအခြေချနေထိုင်နိုင်တဲ့ကောင်းကင်ဘုံလို့တောင် တင်စားနိုင်တဲ့ နယ်မြေလေးတစ်ခုတွေ့ရှိလာခဲ့ပါတယ်။
“အယ်လ်ဖာရာစုသစ်”လို့ နာမည်ပေးထားပြီး ဒီဂြိုလ်ဆီကို သင့်တော့်မယ့်လက်ရွေးစင်လူတွေကို “ရီဆောလုဒ်” အာကာသယာဉ်ကြီးနဲ့ ပို့ဆောင်ပြောင်းရွေ့ပေးနေပါတယ်။
အခုဆိုရင် ဒီလိုပို့ဆောင်ပေးနေတာ ၂၄ကြိမ်မြောက်အထိတောင် ရှိလာပါပြီ။ ၂၄ကြိမ်မြောက်ခရီးမှာ ရော်ဘင်ဆန်တို့မိသားစုလည်း ပါလာပါတယ်။ ရော်ဘင်ဆန်တို့မိသားစုဟာ သာမန်မိသားစုလေး မဟုတ်ပါဘူးအဖေဖြစ်တဲ့ ဂျွန်-ရော်ဘင်ဆန်က အာဂဖန်စစ်ပွဲတွေမှာ ဦးဆောင်တိုက်ခိုက်ဖူးတဲ့ စစ်မှုထမ်းတစ်ဦး။ အမေဖြစ်တဲ့ မော်ရင်းန်-ရော်ဘင်ဆန်က ဒုံးပျံသိပ္ပံပညာရှင်တစ်ဦးဖြစ်ပြီး သိပ္ပံပညာနဲ့ ပတ်သတ်ရင်နှ့ံစပ်ကျွမ်းကျင်တဲ့သူပါ။ သမီးကြီးဖြစ်တဲ့ ဂျူဒီ-ရော်ဘင်ဆန်က အသက် ၁၈ နှစ်နဲ့ဆရာဝန် ဖြစ်လာအောင်တော်သူဖြစ်ပြီးသမီးငယ် ပန်နီ-ရော်ဘင်ဆန်် -ကစာရေးဆရာမဖြစ်ချင်နေတဲ့ စာပေနှံ့စပ်သူဖြစ်သလို သား ဝီလ်-ရော်ဘင်ဆန် ကလည်း သူ့အမေလို သိပ္ပံပညာကျွမ်းကျင်ပြီးစိတ်ထားနူးညံ့တဲ့ကလေးလေးတစ်ဦးပါ..
သူတို့လိုက်ပါလာတဲ့ ရီဆောလုဒ်ယာဉ်ကြီးကို လမ်းခရီးတစ်ဝက်မှာ အတိုက်ခိုက်ခံရတဲ့အခါအရမ်းကို ကျယ်ပြန့်နက်ရှိုင်းလာတဲ့ အာကာသထဲမှာဘယ်လိုများ ခရီးဆက်ကြမလဲဆိုတာကိုဆက်လက်ရှုစားကြည့်လိုက်ပါ။
-ကောင်းမွန်သေသပ်တဲ့ CGI effect တွေနဲ့ အာကာသယာဉ်တွေ စက်ရုပ်တွေ
-ဇာတ်ကောင်တစ်ဦးချင်းစီရဲ့ စိတ်ဝင်စားစရာကောင်းလှတဲ့ Charater တွေနဲ့အတူတူ
– Famaily Life ကိုလည်းအကောင်းဆုံးပုံဖော်ပြသွားတာကြောင့် ကြည့်ရှူသင့်တဲ့စီးရီးလေးပါ။
ဒီစီးရီးလေးထဲမှာတော့ လူတွေအများစုရဲ့စိတ်ဝင်စားခြင်းကိုခံနေရတဲ့ စက်ရုပ်ကြီးနဲ့ဝီလ်ရော်ဘင်ဆန်တို့ရဲ့ သူငယ်ချင်းသံယောဇဉ်ကို ဝမ်းနည်းဖွယ် စိတ်လှုပ်ရှားဖွယ်တွေ့မြင်ရမှာပါ….
လူယောက်နဲ့စက်ရုပ်တစ်ရုပ်ဟာ ခံစားချက်ခြင်းမတူကြပါဘူး…
ဒါပေမယ့် တူတာတစ်ခုတော့ရှိပါတယ်…
အဲဒါကတော့ သူငယ်ချင်းဆိုတဲ့ တွယ်တာတတ်တဲ့သံယောဇဉ်တစ်ခုပါ…
ဒါကို ဒီ Lost In Space စီးရီးလေးက လူတိုင်းရဲ့ရင်ထဲထိရောက်အောင်အကောင်းဆုံးဖော်ပြသွားခဲ့ပါတယ်…
တစ်ပိုင်းချင်းစီကို စိတ်ဝင်စားမှု့အပြည့်နဲ့ကြည့်ရမှာမို့ ကြည့်မယ်လို့စဉ်းစားနေတဲ့သူများတွေဝေမနေပါနဲ့…..ကြည့်လိုက်ကြပါ…
တစ်ပိုင်းကို ကြာမြင့်ချိန်တစ်နာရီနီးပါးရှိတဲ့ ဒီစီးရီးလေးကသင်တို့ရဲ့ အသက်ရှု့သံ ရင်ခုန်သံတွေကိုအတိုင်းတာတစ်ခုထိရောက်အောင်ထိန်းသိမ်းပေးသွားမှာမို့လို့ပါ…..