to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Rebel 2024
တမီလ်နာမည်ကျော်တေးရေးဆရာတဖြစ်လဲ အဆိုတော်၊သရုပ်ဆောင်နဲ့ ပရိုဂျူဆာတစ်ယောက်ဖြစ်တဲ့ဂျေဗွီပရာတ်ကတ်ရှ်ကူးမားရဲ့ရုပ်ရှင်ကားအသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။၁၉၈၀ဝန်းကျင်က မူနာမှာ ကောလိပ်ကျောင်းတက်နေတဲ့တော်လှန်ကျောင်းသားတစ်ယောက်ရဲ့ဖြစ်ရပ်မှန်ကို ပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။အင်္ဂလိပ်တွေအုပ်စိုးခဲ့တဲ့ အိန္ဒိယပြည်ဟာ ဘာသာစကားပေါ်မူတည်ပြီးပြည်နယ်တွေပိုင်းခြားခံခဲ့ရတယ်။အင်္ဂလိပ်တွေအုပ်စိုးစဉ်ကာလမှာ တမီလ်လူမျိုးတွေကအမြတ်ကြီးထုတ်ဂုတ်သွေးစုပ်ကြတဲ့ ကုမ္ပဏီတွေရဲ့လက်ဖက်စိုက်ခင်းတွေမှာမငတ်ရုံတမယ်စားသောက်ဖို့ ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်ကြရတယ်။ဒီလို ပင်ပန်းဆင်းရဲကြီးစွာနဲ့ လုပ်ကိုင်ရတဲ့လူမျိုးတွေက လူငယ်တွေမှာလည်းကောလိပ်ဆက်တက်ဖို့လျောက်ရင် တစ်နှစ်မှ နှစ်ယောက် သုံးယောက်ပဲ တက်ခွင့်ရကြတယ်။တက်ခွင့်ရလို့တက်တဲ့အခါမှာလည်း လူမျိုးစွဲ ဝါဒစွဲတွေနဲ့နှိမ်ချဆက်ဆံခံကြတာကို မခံနိုင်တဲ့ဆုံးမှာပြန်လည်တွန်းလှန်ခဲ့တဲ့ ကျောင်းသားတစ်ယောက်အကြောင်းကိုတင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။
Genre:
Actor: G V Prakash Kumar , Mamitha Baiju , Karunas , Shalu Rahim , Venkitesh V P , Aditya Baskar , Kalloori Vinoth , Aadhira Pandilakshmi , Subramaniam Siva
Director:
Writer:
Country:
Release: 2024-03-22
Duration: 150 Min
Quality: HD
Rating: 0
0
Copyright 2024