to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Seven Heroes Beat the Monster
မျောက်ဘုရင်စွန်းဝူခုန်းအနောက်အရပ်ကနေကျမ်းစာပြန်ယူပြီး နောက်ပိုင်းကိုဇာတ်အိမ်တည်ပြီးရိုက်ထားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဒါကလဲစွန်းဝူခုန်းတစ်ယောက်မက်မွန်းသီးပွဲတော်မှာတက်ပြီး သောင်းကျန်းခဲ့တဲ့ရလာဒ်တစ်ခုပါပဲ။ မက်မွန်သီးပွဲတော်မှာ စွန်းဝူခုန်းသောင်းကျန်းခဲ့တဲ့အတွက်ဝူရှန့်ဆိုတဲ့သဏ္ဍာန်မဲ့ မိစ္ဆာတစ်ကောင်ဖြစ်လာခဲ့တယ်။သဏ္ဍာန်မဲ့မိစ္ဆာဝူရှန့်က လူ့ပြည်မှာဒုက္ခပေးနေတဲ့အတွက် ဘုရားရှင်ဟာစွန်းဝူခုန်းနဲ့မင်းကြီးညီနောင်(၆)ပါးကိုလွှတ်ပြီးတော့နှိမ်နင်းစေခဲ့တယ်။ ဒါပေမယ့် ညီနောင်ချင်းသွေးကွဲပြီးတော့ ဝူရှန့်လှည့်စားတာခံလိုက်ရတဲ့အတွက် တိုက်ပွဲမှာရှုံးနိမ့်ပြီး စွန်းဝူခုန်းနဲ့အတူညီနောင်(၆)ပါးရဲ့ မူလဝိညာဉ်တွေဟာ ရေခဲထဲမှာချိတ်ပိတ်ခံလိုက်ရပါတယ်။ နှစ်(၅၀၀)ကြားပြီးနောက်မှာတော့ သူရဲကောင်းအဖြစ်မွေးဖွားလာသူဆိုပြီး ကိုယ့်ကိုယ်ကိုယ်ခံယူထားတဲ့လူငယ်လေးဟာ မထင်မှတ်ပဲ စွန်းဝူခုန်းကိုပိတ်ထားတဲ့ အဆုံးမဲ့ဂူထဲကိုရောက်သွားခဲ့ပါတယ်။ ဒီလိုနဲ့မျောက်မင်းကြီးစွန်းဝူခုန်းနဲ့သူ့ရဲ့ညီနောင်မင်းကြီး(၆)ပါးတို့ကို ကယ်တင်ဖို့တာဝန်ဟာ လူငယ်လေးပေါ်ကျရောက်လာပြီး စွန့်စားခန်းစတင်ပါတော့တယ်……
Genre: Fantasy
Actor: Yuen Biao , Zhou Siyu , Clara Lee , Wang Yuxuan , Zhang Yan , Gui Yiheng , Liu Haoyan , Dou Guiyu , Tang Long
Director:
Writer:
Country:
Release: 2024-04-01
Duration: 87 Min
Quality: HD
Rating: 0
0
Copyright 2024