to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
Spirit Doll
Spirit Doll (2023) ပရိသတ်ကြီး ညဘက်ကြည့်ဖို့ အင်ဒိုနီးရှား Horror ကားပါ အာရှသရဲကားတွေက ဟောလိဝုဒ်သရဲကားတွေနဲ့ atmosphere (အငွေ့အသက်) ရော theme(အာဘော်) ပါ ကွဲပြားတာများပါတယ် ကျွန်တော့်အမြင်အရဆိုရင် အာရှ horror ကားတွေက အယူအဆတွေက ကျွန်တော်တို့ရဲ့ ရိုးရာဓလေ့တွေနဲ့ ပိုပြီးနီးစပ်တာမို့ ပိုပြီး ကြောက်စရာကောင်းတယ် ထင်ပါတယ် ရုပ်ရှင်နာမည်အတိုင်းပဲ ဝိညာဥ်အရုပ်လေး တစ်ရုပ်အကြောင်းပါပဲ ဇာတ်လမ်းအကျဥ်းကတော့ ဒါရာ ဆိုတဲ့ နာမည်ကြီး horror queen မင်းသမီးတစ်ယောက် ရိုက်ကွင်းမှာ သုံးတဲ့ spirit doll အရုပ်လေးကို အိမ်ယူလာပါတယ် သူ့ရဲ့ အမျိုးသားနဲ့ကွာရှင်းထားတာဖြစ်ပြီး သမီးလေးတစ်ယောက်ကတော့ အဖေအိမ်နဲ့ အမေ့အိမ်တစ်လှည့်စီ သွားနေနေရပါတယ် သမီးလေးကလည်း အဖေ့ဆီမှာပဲ အမြဲနေချင်တာကြောင့် သားအမိနှစ်ယောက် ပြဿနာတက်ကြရင်း တစ်နေ့ သမီးလေး လှေကားပေါ်က မတော်တဆ ကျပြီး သေဆုံးသွားပါတော့တယ် “မိခင်သောက” အင်ဒိုဗားရှင်းကို ကျောထဲစိမ့်နေအောင် ညဘက် မီးပျက်တဲ့အချိန် စောင်ခြုံသာ ကြည့်ကြပါ
Genre: Horror
Actor: Anya Geraldine , Samuel Rizal , Anantya Rezky Kirana , Elina Joerg , Annette Edoarda , Zidni Hakim , Mbok Tun , Badriyah Afiff , Anyun Cadel , Satrya Ghozali , Ita Rahma
Director:
Writer:
Country: Indonesia
Release: 2023-06-01
Duration: 0 Min
Quality: HD
Rating: 0
3
Copyright 2024