to_view_this_video_please_enable_javascript,_and_consider_upgrading_to_a_web_browser_that Supports html5 video
The Brave Yong Soo jung
ယုံးဆူဂျောင်းက ဖျတ်လတ်တက်ကြွတဲ့သူတစ်ယောက်ဖြစ်ပြီးတော့ဟုမ်းရှော့ပင်းအစီအစဥ်တင်ဆက်သူအဖြစ် နာမည်ကြီးတဲ့သူဖြစ်ပါတယ်။သူမရဲ့ရိုးသားပြီးကြိုးစားတဲ့စိတ်လေးကြောင့်လည်း အမျိုးသမီးပရိသတ်တွေအများကြီးကို ပိုင်ဆိုင်ထားရသူပါ။ဒါပေမဲ့ သူမရဲ့နေ့စဥ်ဘဝမှာတော့ အဲဒီလိုမဟုတ်ဘဲ ကောင်လေးတစ်ယောက်ကို ကြိုက်မိပြီဆိုရင်အကြည့်ချင်းလည်းမဆုံရဲသလို ခံစားချက်တွေကိုလည်းမဖော်ထုတ်ပြတတ်ပါဘူး။အဲဒါကြောင့်ပဲ သူမရဲ့ဘဝက ရိုမန့်တစ်ဆန်ဖို့အမြဲခက်ခဲနေတတ်ပါတယ်။သူမကတော့ မာဆောင်းလုပ်ငန်းစုရဲ့ ဂျူဝူဂျင်ဆိုတဲ့ကောင်လေးကို ကြိတ်ပြီးသဘောကျနေတာပါ။ယောအွီဂျူဆိုတဲ့ကောင်လေးကတော့ ဥာဏ်ရည်မသန်စွမ်းတဲ့အမေဖြစ်သူနဲ့ အတူတူနေပြီးဆင်းရဲတဲ့ဘဝကြားကနေ အလုပ်ကြိုးစားနေတဲ့သူလေးဖြစ်ပါတယ်။သူ့ဘဝအတွက်အရေးအကြီးဆုံးကတော့ သူ့အမေပျော်ရွှင်ရဖို့ပါ။တစ်နေ့မှာတော့ သူက မာဆောင်းလုပ်ငန်းစုရဲ့ ဒုတိယမြောက်မြေးဖြစ်နေတာကို သတင်းကြေညာမှုကနေ တဆင့်သိလိုက်ရပါတယ်။ဒီလိုနဲ့ပဲ ယုံးဆူဂျောင်းနဲ့စတင်ပြီး ပတ်သတ်မိသွားပါတော့တယ်။ချွဲဟယ်ရာကတော့ တစ်ကိုယ်ကောင်းဆန်ပြီး အမြဲလောဘကြီးနေတတ်တဲ့ မိန်းကလေးတစ်ယောက်ပါ။တစ်စုံတစ်ခုကို လိုချင်ပြီဆိုရင် လမ်းခရီးမှာဘယ်အရာတွေပိတ်ပင်နေပါစေ မရရတဲ့နည်းနဲ့ သူ့အပိုင်ဖြစ်အောင်လုပ်တတ်သူပါ။ဒီလိုနဲ့ ယုံးဆူဂျောင်းနဲ့ ချွဲဟယ်ရာအကြား ဘယ်လိုပဋိပက္ခတွေဖြစ်လာမလဲ၊လေးပွင့်ဆိုင်အချစ်ဇာတ်လမ်းအကြားမှာရော ဘယ်လိုရှုပ်ထွေးနက်နဲမှုတွေနဲ့ ရင်ဆိုင်သွားရမလဲဆိုတာကို တစ်ဝကြီးကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။
Genre: Drama
Actor: Uhm Hyun-kyung , Seo Jun-yeong , Kwon Hwa-woon , Im Joo-eun , Park Cheol-min , Yang Jung-ah , Lee Seung-yun , Ji Soo-won , Kim Yong-rim
Director:
Writer:
Country: South Korea
Release: 2024-05-06
Duration:
Quality: HD
Rating: 1
10
Copyright 2024