to view this video please enable JavaScript, and consider upgrading to a web browser that Supports html5 video
The Gates
Genre – Horror, Thriller IMDB – 5.0/10 လန်ဒန်မြို့ကြီးမှာ အမျိုးသမီးတွေချည်း အောက်လမ်းလိုလို ပညာသည်လိုလိုနဲ့၂၈ ယောက်လောက် သတ်ခဲ့တဲ့ အတွဲလိုက်လူသတ်သမားကို နောက်ဆုံးတစ်ယောက်သတ်နေတဲ့အချိန် ဖမ်းမိခဲ့တာပါ။ ဒီလို ပြစ်မှုကြီးမားတဲ့အတွက် သေဒဏ်ကျခံရမှာပဲ ဖြစ်ပါတယ် ဒါပေမဲ့ သူ့ကိုမကွပ်မျက်ခင်မှာ လူသတ်သမားဟာ အကျဉ်းထောင်ထဲမှာ ထူးဆန်းတဲ့သင်္ကေတတွေပုံတွေဆွဲပြီး ဂါထာလိုလို ဘာလိုလိုတွေရွတ်ပြီး သေဒဏ်ကျခံသွားရော။သူ သေပြီးတဲ့နောက်မှာ ဒီအကျဉ်းထောင်ကြီးထဲ ညညဆို အကျဉ်းသားတွေစိတ္တဇတွေဖြစ်ပြီး သေဒဏ်ကျခံရမှာကိုတောင် ကိုယ့်ကိုကိုယ် အဆုံးစီရင်တာတွေဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန် တစ်ဖက်မှာ လူသေအလောင်း ဓာတ်ပုံရိုက်ပြီးတစ်ဖက်က တမလွန်ဆိုတာကို စက်နဲ့တည်ရှိကြောင်း သက်သေပြချင်တဲ့တူဝရီးနှစ်ယောက်ကလည်း သေဒဏ်ပေးရသူကို ရိုက်ပေးဖို့ ထောင်ထဲကိုရောက်လာချိန် ထူးခြားမှုတွေ ဖြစ်နေလို့ လာရောက်ဖြေရှင်းတဲ့ ပရလောကကျွမ်းကျင်သူနဲ့တွေ့ပြီး ဒီလူ တိုက်ခဲ့တဲ့ကျိန်စာတွေ အသက်ဝင်လာပြီးထကြွသောင်းကျန်းတဲ့အခါ ဒီအကျဉ်းထောင်ထဲမှာ အသက်ရှင်သန်နိုင်ဖို့၃ ယောက် ပေါင်းပြီး အတူတကွ ကြိုးပမ်းရပါတော့တယ်။ ခေါင်းဆောင်မင်းသားကြီးနေရာကိုတော့ Lord of the Ring ထဲက Dwarf ဂျပုလေး Gimli နေရာကဝေလမင်းသားကြီး John Rhys-Davies က သရုပ်ဆောင်ပေးထားပါတယ်။
Genre: Horror
Actor: John RhysDavies , Michael Yare , Elena Delia , Richard Brake , David Pearse , Peter Coonan , Brian Fortune
Director:
Writer:
Country: Unknown
Release: 2022-11-18
Duration: 111 Min
Quality: HD
Rating: 1
7.143
Copyright 2024