to_view_this_video_please_enable_javascript,_and_consider_upgrading_to_a_web_browser_that Supports html5 video
The Killing Kind
ဒီတစ်ခေါက်မှာတော့ ဒီလမှာမှ အသစ်စက်စက်ထွက်ရှိထားတဲ့ Killing Kind ဆိုတဲ့ Thriller/Drama Series လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မာလင်မင်းသားချော Colin Morgan နဲ့ မင်းသမီး Emma Appleton (Everything I Know About Love/ LOLA)တို့ ခေါင်းဆောင်ပါဝင်ထားကြပြီး စာရေးဆရာမ Jane Casey ရဲ့ နာမည်တူမူရင်းဝတ္တုကိုပဲ ပြန်လည်ရိုက်ကူးထားတာပါ။ IMDB 5.7/10 ရရှိထားပြီး Season 1 မှာတော့ အပိုင်း ၆ ပိုင်းထွက်ရှိထားတာ ဖြစ်ပါတယ်။ အင်ဂရစ်က အလုပ်လုပ်ရာမှာ အရမ်းတော်တဲ့ရှေ့နေမလေးဖြစ်ပြီး အမှုသည်တိုင်းကို တရားခွင်မှာ အောင်ပန်းဆင်နိုင်အောင် အစွမ်းကုန်ကြိုးစားတတ်သူပါ။ ပြောင်မြောက်လွန်းတဲ့သူမရဲ့ စွမ်းဆောင်ရည်ကြောင့် နောက်ယောင်ခံတဲ့အမှုနဲ့ တရားစွဲဆိုခံထားရတဲ့ ဂျွန်ဝက်ဘ်စတားဆိုတဲ့ အမှုသည်က တရားသေလွတ်သွားခဲ့ရာက သူမကို အထင်ကြီးလေးစားစိတ်များနဲ့အတူ အစွဲလမ်းကြီး စွဲလမ်းသွားပါတော့တယ်။
အင်ဂရစ်တစ်ယောက် ဂျွန့်လက်ကလွတ်အောင် နည်းမျိုးစုံနဲ့ရှောင်ပြေးခဲ့ပြီး အဆက်အသွယ်ပြတ်သွားခဲ့တာ တစ်နှစ်အကြာမှာတော့ ထင်မှတ်မထားတဲ့ အဖြစ်ဆိုးတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတော့တယ်။ အဲဒါကတော့ သူမ လေးစားအားကျရသူ ဘလင်ဒါတစ်ယောက် ယာဉ်တိုက်မှုနဲ့ ဆုံးပါးသွားရတာပါ။ ဝမ်းနည်းပူဆွေးမှုများနဲ့ ယူကြုံးမရဖြစ်နေတုန်းမှာပဲ သူမ သတိထားလိုက်မိတာကတော့ ဘလင်ဒါ့သေဆုံးမှုက သွေးရိုးသားရိုး သေဆုံးမှုတစ်ခုမဟုတ်ဘဲ သူမကို ရည်ရွယ်တဲ့ လုပ်ကြံမှုတစ်ခု ဖြစ်နေတယ်ဆိုတာပါပဲ။ မတော်တဆမှုမဟုတ်ဘဲ အသတ်ခံရတာဖြစ်နိုင်ကြောင်း ရဲတွေကို ပြောပြခဲ့ပေမဲ့ ရဲတွေကတော့ သူမကို ထင်ယောင်ထင်မှားဖြစ်နေတယ်ဆိုပြီး သူမ စကားကို အကြိမ်ကြိမ် လျစ်လျူရှုခဲ့တာမို့ ကိုယ်တိုင်ပဲ လူသတ်သမားကို ရှာပုံတော်ဖွင့်ဖို့ ကြိုးစားခဲ့ပါတော့တယ်။
ရုတ်တရက်ပေါ်ပေါ်လာတဲ့ အန္တရာယ်တွေနဲ့အတူ ပဟေဠိဆန်တဲ့ ခြိမ်းခြောက်မှုတွေနဲ့ အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရပြီး ကူကယ်ရာမဲ့ ဖြစ်လာခဲ့ချိန်မှာတော့.. အင်ဂရစ်တစ်ယောက် ဘလင်ဒါ့အမှုရဲ့ လူသတ်သမားကို ဖော်ထုတ်နိုင်ပါ့မလား.. သူမကိုလုပ်ကြံဖို့ ကြိုးစားနေတဲ့သူကရော ဘယ်သူလဲ.. ဘာကြောင့်များ သူမကို လုပ်ကြံဖို့ကြိုးစားခဲ့တာလဲ.. သူမကိုယ်တိုင်ရော လူသတ်သမားလက်က လွတ်အောင်ပြေးနိုင်ပါ့မလား.. ဆိုတာကိုတော့ တစ်ပိုင်းပြီးတစ်ပိုင်း ထင်သလောက်မရိုးရှင်းတဲ့ လှည့်ကွက်တွေနဲ့ မာလင်မင်းသားချော Colin Morgan ရဲ့ အသည်းယားစရာ မထိတထိ သရုပ်ဆောင်မှုတွေကြား စီးမျောပြီး အဖြေရှာကြည့်လိုက်ကြပါဦးနော်။
Genre: Drama
Actor: Colin Morgan , Emma Appleton
Director:
Writer:
Country: Georgia
Release: 2023-09-07
Duration:
Quality: HD
Rating: 0
7.667
Copyright 2024