to_view_this_video_please_enable_javascript,_and_consider_upgrading_to_a_web_browser_that Supports html5 video
Tracker
Synopsis of Tracker (2024)
Tracker (2024) Ongoing
~ IMDb – 6.7/10, RT – 88%, Meta – 64% ~
Smallville ထဲ အိုလီဗာကွင်း ဂရင်းအဲရိုးအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Justin Hartley အဓိကသရုပ်ဆောင်ထားတဲ့ စီးရီးအသစ်ပါ။ ဒီစီးရီးက ဘာနဲ့တူလဲဆို ခုမြင်ရများတဲ့ စီးရီးတွေထက် ဟိုးတုန်းက စီးရီးတွေပုံစံမျိုးပိုသွားတယ်။ ဇာတ်ကတော့ သူ့နာမည်အတိုင်းပဲ လူပျောက်တာတွေ ပစ္စည်းပျောက်တာတွေကို ခြေရာခံလိုက်ရှာပြီး အဲဒီအတွက် ထုတ်ထားတဲ့ ဆုကြေးကိုစားနေတဲ့ ဆုကြေးစားတစ်ယောက်အကြောင်းပဲ။ သူများပြဿနာတွေကို ဖြေရှင်းရင်း သူ့ပြဿနာတွေတစ်စနဲ့တစ်စပေါ်လာတာက စူပါနေထရယ်ရဲ့စစချင်းစီဆန်တွေလိုပဲ။ အမှုတစ်ခုလိုက်လိုက် ငွေထုတ်လိုက် နောက်တစ်မှုထပ်ရှာလိုက်။ သူကတစ်ယောက်တည်းလုပ်နေတာတော့မဟုတ်ဘူး။ သူ့နောက်မှာ အချက်အလက်တွေစုဆောင်းပေးတဲ့သူတွေ ဟက်ကာတွေ နောက် ရှေ့နေတွေအထိပါရှိနေတယ်။
တစ်ခါတလေ လူပျောက်ရှာတာက စွန့်စားခန်းဆန်ပေမဲ့ တစ်ခါတလေကျလည်း စုံထောက်ကားကြည့်နေရသလိုပဲ။ သူ့အတိတ်မှာလည်း ပဟေဠိတစ်ခုချန်ထားတာဆိုတော့ လူပျောက်တွေလိုက်ရှာ အမှုတွေရှင်းရင်း သူ့အတိတ်က ပဟေဠိဘယ်လိုပုံပေါ်လာမလဲကြည့်ရလိမ့်မယ်။ လက်ရှိအထိတော့ ၃ပိုင်းထွက်ထားပြီး တစ်ပတ်ကိုတစ်ပိုင်းနှုန်းနဲ့ ၁၃ပိုင်းအထိ ဆက်ထွက်သွားဖို့ရှိတယ်။ အမှုလိုက်တာတွေ လူပျောက်ရှာတာတွေ အက်ရှင်ခန်းတွေ မိန်းမလှလေးတွေ မြိုင်မြိုင်ဆိုင်ဆိုင်ပါတာမို့ ထမင်းစားရင်း ဘာကြည့်ရမလဲမသိဖြစ်နေရင် ကြည့်လို့ကောင်းမယ့် စီးရီးပါပဲ။
Genre: Crime , Drama
Actor: Justin Hartley , Robin Weigert , Abby McEnany , Eric Graise , Fiona Rene
Director:
Writer:
Country: US
Release: 2024-02-11
Duration:
Quality: HD
Rating: 0
7.292
Copyright 2024