Who's Your Gynac
Synopsis of Who’s Your Gynac (2023)
Whos your gynac? ( သားဖွားမီးယပ်ဆရာဝန်မလေး ဒေါက်တာဗီဒူရှီ)
imdb 7.1/10 ယခုတစ်ခါတင်ဆက်ပေးချင်တာကတော့ Amazon TV ကနေ ထုတ်လွှင့်ပြသထားတဲ့
အိန္ဒိယ comedy drama serie လေးပဲဖြစ်ပါတယ် IMDb 7.1 တောင်ရရှိထားပြီး Amazon လိုမျိုး
Streaming Service ကနေတင်ဆက်ပေးထားတာမို့ ဇာတ်လမ်းဇာတ်အိမ်သဘာဝကျပြီး
ကြည့်ကောင်းတဲ့ စီးရီးလေးတစ်ခုပါပဲ
ဒေါက်တာဗီဒူရှီဟာ သားဖွားမီးယပ်ဆရာဝန်တစ်ယောက်ပါ ဆေးခန်းလေးတစ်ခုလဲ ဖွင့်ထားပါတယ်
သူ့ဆေးခန်းက လူနာတွေများချက်က လူနာတွေတန်းစီရတာ ရုရှားကနေပါလာပြတဲ့ထိကို
ကမ္ဘာကျော်ပါတယ်တဲ့ အမှန်ကတော့ ဒါ ဒေါက်တာဗီဒူရှီရဲ့ နေ့ခင်းဆေးခန်းမှာ
လူမရှိလို့ အိပ်ငိုက်ရင်း ရုရှားတွေပါ လူနာအဖြစ်လာပြတယ်လို့ ထည့်မက်ပစ်တာပါ
အဲဒီလိုမျိုး အတွေ့အကြုံများပြား အလွန်တော်တဲ့ ဒေါက်တာဗီဒူရှီလေးလိုချင်တာက
ကလေးတစ်ယောက်လောက် မွေးပေးချင်တာပါပဲ တစ်နေ့မှာတော့ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း
ဆွာရာကဗိုက်ကြီးပါတော့တယ် သူငယ်ချင်းတွေရော အားလုံးက ဒီဗိုက်ကို ဆွာရာအနေနဲ့
အချစ်ဆုံးသားဖွားမီးယပ်အထူးကုကြီး ဒေါက်တာဗီဒူရှီဆီမှာပဲ ဗိုက်အပ်မယ်ထင်ခဲ့ပေမဲ့
ဆွာရာကတော့ စိတ်ချယုံကြည်စွာပဲ မအပ်ခဲ့ပါဘူး အဲဒါကို ဗီဒူရှီတစ်ယောက်သိပြီး
စိတ်ထိခိုက်သွားကာ ဘာတွေဆက်ဖြစ်လာမလဲ ဒေါက်တာဗီဒူရှီတစ်ယောက်
အောင်မြင်တဲ့ သားဖွားဆရာဝန်တစ်ယောက်ဖြစ်လာမှာလား စသည်ဖြင့်
ဟာသလေးလည်းပါ ဒရာမာလေးနဲ့အတူ မိသားစုစုံလင် အပန်းဖြေကြည့်ရှုလို့ရမဲ့
သားဖွားမီးယပ်အထူးကုကြီးရဲ့ ပညာပေးဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်